ကမ္ဘာ့ဘောလုံးသမိုင်းတစ်လျှောက် အကွာအဝေးအများဆုံးမှ သွင်းယူသည့်ဂိုးအဖြစ် ဂိုးသမားရီကွီနာ၏သွင်းဂိုး ဂင်းနစ်မှတ်တမ်း ဝင်မည်

ကမ္ဘာ့ဘောလုံးသမိုင်းတစ်လျှောက် အကွာအဝေးအများဆုံးမှ သွင်းယူသည့်ဂိုးအဖြစ် ဂိုးသမားရီကွီနာ၏သွင်းဂိုး ဂင်းနစ်မှတ်တမ်း ဝင်မည်

ဂျီနီဗာ၊ ဘောလုံး

ကမ္ဘာ့ဘောလုံးသမိုင်းတစ်လျှာက်တွင် အကွာအဝေး အများဆုံးမှသွင်းယူသည့် သွင်းဂိုးအဖြစ် ကိုဘရီဆယ် အသင်းဂိုးသမားရီကွီနာ၏ သွင်းဂိုးမှာ ဂင်းနစ်စံချိန် မှတ်တမ်းဝင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိဘောလုံးလောကတွင် အကွာအဝေးအများဆုံးမှ ကစားသမားများသွင်းယူခဲ့သည့် သွင်းဂိုးများမှာ အနည်းငယ်သာရှိပြီး  ဂိုးသမားတစ်ဦးအနေဖြင့်  ဂိုးသွင်းရန်အတွက်မှာ ခက်ခဲသည့်အလုပ်ဖြစ်သော်လည်း ဂိုးသမားရီကွီနာက အကောင်းဆုံးလုပ်ဆောင်ပြီး ဂင်း နစ်စံချိန်မှတ်တမ်းဝင်မည်ဖြစ်သည်။

ချီလီပြည်တွင်းလိဂ် ပြိုင်ပွဲအဖြစ် ကိုလိုကိုလိုအသင်းနှင့် ကိုဘရီဆယ်အသင်းတို့ ကစားသည့်ပွဲစဉ်တွင် ကိုဘရီဆယ် အသင်းဂိုးသမား ရီကွီနာက ပွဲချိန် ၇၇ မိနစ်တွင်  ပြိုင်ဘက်အသင်းဂိုးသမား  ဂိုးဧရိယာရှေ့ ရောက်ရှိနေသည်ကို  အခွင့်ကောင်းယူပြီး   ၎င်း၏ဂိုး ဧရိယာရှေ့မှ ပြိုင်ဘက်အသင်းဂိုးပေါက်ကို ကန်သွင်းပြီး ဂိုးသွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ဘောလုံးလောကတွင် အကွာအဝေးအများဆုံး သွင်းဂိုးအဖြစ် အင်္ဂလန်အောက်တန်းအသင်းတစ် သင်းဖြစ်သည့် နယူးပေါ့ခ် အသင်းဂိုးသမား တွမ်ကင်း က အကွာအဝေး  ၉၆ ဒသမ ၀၁ မီတာမှ ကန်သွင်းပြီး ကမ္ဘာ့ဂင်းနစ်စံချိန် တင်ထားခဲ့ခြင်းဖြစ်ပြီး  ယခုအခါ ကိုဘရီဆယ် အသင်းဂိုးသမားရီကွီနာက ၁၀၁ မီတာ အကွာအဝေးမှ သွင်းယူသည့်အတွက် တွမ်ကင်း၏ ဂင်းနစ်စံချိန်ကို  ကျော်ဖြတ် မည်ဖြစ်ကြောင်း  သိရသည်။                         

 Ref;Opta.com