ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းခွင်ဝင် သင်တန်းဆင်းပွဲကျင်းပ

တောင်ကြီး၊ လူမှုရေး

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းခွင်ဝင် သင်တန်းဆင်းပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ကွပ်ကဲမှုအောက်ရှိ ခရိုင်/ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှင့် မြို့နယ်များမှ ဝန်ထမ်းအသစ်များအား ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေလွယ်ကူစေပြီး စွမ်းဆောင်ရည် မြင့်မားစေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းခွင်ဝင် သင်တန်း(၁/၂၀၂၃) သင်တန်း ဆင်းပွဲကို မတ် ၂၄ ရက် မွန်းလွဲပိုင်းတွင် အဆိုပါပြည်နယ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်းက သင်တန်းဆင်းအမှာစကားပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များအား သင်တန်းသား၊ သင်တန်းသူများထံသို့ အသီးသီးပေးအပ်သည်။

အဆိုပါ ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းခွင်ဝင်သင်တန်းသို့ ဝန်ထမ်းအသစ် သင်တန်းသား၊ သင်တန်းသူ ၁၉ ဦး တက်ရောက်ပြီး  သင်တန်းတွင် ဦးစီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ မျှော်မှန်းချက်များ၊ ဝန်ထမ်းတိုင်းလိုက်နာရမည့် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများ၊ ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့်စီမံကိန်းများ၊ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့် ဘဏ္ဍာရေး စည်းကမ်း များ၊ ဝန်ထမ်းတိုင်းလိုက်နာရမည့် ကျင့်ဝတ်များစသည့် ဘာသာရပ်များကို ကျွမ်းကျင်ဆရာ၊ ဆရာမများက မတ် ၂၂ ရက်မှ ၂၄ ရက် အထိ သုံးရက်ကြာ စာတွေ့လက်တွေ့သင်ကြားပို့ချပေးကြောင်း သိရသည်။    

မောင်ခိုင်