လူမှောင်ခိုကူးရာတွင်ပါဝင်ခဲ့သည့် လူဝင်မှုကြီးကြပ်ရေး အရာရှိငါးဦးအပါအဝင် လူကိုးဦးကို မလေးရှားဖမ်းဆီး

ကွာလာလမ်ပူ၊ ရာဇဝတ်မှု

လူမှောင်ခိုကူးရာတွင်ပါဝင်ခဲ့သည့် လူဝင်မှုကြီးကြပ်ရေး အရာရှိငါးဦးအပါအဝင် လူကိုးဦးကို မလေးရှားဖမ်းဆီး

မလေးရှားနိုင်ငံအတွင်းသို့ လူမှောင်ခိုကူးရာတွင် ပါဝင်ခဲ့သည့် လူဝင်မှုကြီးကြပ်ရေး အရာရှိငါးဦးအပါအဝင် လူကိုးဦးကို အကျင့်ပျက် ခြစားမှုတိုက်ဖျက်ရေးအဖွဲ့က ဖမ်းဆီးခဲ့ကြောင်း Bernama သတင်းဌာနက မတ် ၂၅ ရက်တွင် ဖော်ပြသည်။

ဖမ်းဆီးခံရသည့် လူဝင်မှုကြီးကြပ်ရေးအရာရှိများအနက်နှစ်ဦးမှာ အမျိုးသမီးများ ဖြစ်ပြီး ၎င်းတို့သည် တရားမဝင် ဝင်ရောက်လာ သူများကို ဆားဘားပြည်နယ်မှ တစ်ဆင့်နိုင်ငံအတွင်းသို့ လူမှောင်ခိုကူးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အားလုံးကို မလေးရှား အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် အမျိုးသား မှတ်ပုံတင်ရေးဌာနတို့က မတ် ၂၄ ရက် ညနေပိုင်းတွင် ပူးပေါင်းလုပ်ဆောင်သည့် စီးနင်းမှုအတွင်း ဖမ်းဆီးနိုင်ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူအားလုံးသည် အသက် ၃၀ နှစ်မှ ၄၁ နှစ်အရွယ်ကြားရှိသူများဖြစ်ကြောင်း သိရသည်။

စီးနင်းမှုအတွင်း ဖမ်းဆီးခံရသူ အခြားလေးဦးမှာ အင်ဒိုနီးရှားနိုင်ငံသား အလုပ်သမားများအတွက် အလုပ်အကိုင်ရှာဖွေပေးနေသည့် အေဂျင်စီအဖြစ် လုပ်ဆောင်နေသူများ ဖြစ်သည်။ ၎င်းတို့အားလုံးသည် လူမှောင်ခိုကူးရာတွင် အထောက်အထားအတုများကို   အသုံးပြုခဲ့ကြောင်း သိရသည်။                     

Ref: ST