(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောရကျောင်း လမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲ ကျင်းပပြုလုပ်

(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောရကျောင်း လမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊ မတ် - ၂၆

        ၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်သော တောရကျောင်းလမ်း လမ်းအကျယ်(၁၈)ပေ ကတ္တရာလမ်းသစ်ဖွင့်ပွဲကိုယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ     ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး    ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

        ဦးစွာ ဖွင့်ပွဲအား ရခိုင်မင်္ဂလာစည်တော်တီးခတ်ဖွင့်လှစ်ပြီး ပြည်နယ် ဝန်ကြီးချုပ်က လမ်းဖွင့်ပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက်  တာဝန်ရှိသူတစ်ဦးက ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။

        ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ကတ္တရာလမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကတ္တရာလမ်းသစ်အား လှည့်လည်ကြည့်ရှုကြသည်။

        အဆိုပါ တက္တရာလမ်းသစ်သည် အမ်းခရိုင်၊ အမ်းမြို့၊ လေယာဉ်ကွင်း ရပ်ကွက်မှ အောက်ရွာကျေးရွာအထိ ဆက်သွယ်ဖောက်လုပ်ထားပြီး လမ်း အကျယ်(၁၈)ပေရှိကာကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊  ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ခွင့်ပြုရန်ပုံငွေ (၁၄၇ ဒသမ ၉၁၂) သန်း အကုန်အကျခံကာ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။