ဖျာပုံမြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင်အတွင်း မျောပါလျက်ရှိသည့် ကျားဖောင်လုပ်သား များအား ကူညီကယ်ဆယ်

ဖျာပုံမြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင်အတွင်း မျောပါလျက်ရှိသည့် ကျားဖောင်လုပ်သား များအား ကူညီကယ်ဆယ်

နေပြည်တော်၊ မတ် - ၂၆

        ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့၏ အရှေ့တောင်ဘက် မိုင် ၄၀ ခန့်အကွာရှိ မြန်မာ့ပင်လယ်ပြင်အတွင်း ရေထဲမျောပါနေသည့် ကျားဖောင်လုပ်သား ၃ ဦးအား ယနေ့နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် ရတနာရေနံစင်အထောက်အကူပြုရေယာဉ်မှ ကယ်ဆယ်ပေးခဲ့ပြီး ယနေ့ညနေ ၃ နာရီခန့်တွင် စစ်ရေယာဉ်ပေါ်သို့ လွှဲပြောင်းတင် ဆောင်ကာ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ သည်။

အဆိုပါ ကျားဖောင်လုပ်သား ၃ ဦးသည် မတ် ၂၅ ရက် ည ၁၀ နာရီခန့်တွင် ဖျာပုံ မြစ်ဝမှ ၁၀ မိုင်ခန့်အကွာရှိ ကျားဖောင်ပေါ်တွင် ကျားဖောင်လုပ်ငန်းလုပ်ကိုင်နေစဉ် လှိုင်းလေပြင်းထန်သဖြင့် ကျားဖောင်တိမ်းမှောက်ကာ ရေထဲသို့မျောပါခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။

 ကျားဖောင်လုပ်သားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ရတနာရေနံစင် အထောက်အကူပြုရေယာဉ်ပေါ်မှ စစ်ရေယာဉ်ပေါ်သို့ လွှဲပြောင်းတင်ဆောင်၍ လိုအပ် သည့် ကျန်းမာရေးစစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများ ကျွေးမွေးပြီး လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။