မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) သဘောထားထုတ်ပြန်ချက်

မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) သဘောထားထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ မတ်လ ၂၆ ရက်

          မတ်လ ၂၅ ရက်နေ့၊ နံနက်(၆:၃၀)မိနစ်ခန့်တွင် ကရင်ပြည်နယ်၊ မြဝတီ ကုန်သွယ်ရေးဇုန်အား KKO(ခွဲထွက်)အဖွဲ့နှင့် NUG၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက ကုန်သွယ်ရေးဇုန်၏ အနောက်ဘက် မီတာ ၂၀၀ ခန့်အကွာမှနေ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးနှင့် ဒေသခံပြည်သူတစ်ဦး သေဆုံး ခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံးဒဏ်ရာများရရှိကာ  ကုန်သွယ်ရေး ဇုန်အဆောက်အဦနှင့် X-Ray စက်တို့ မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည့် ဖြစ်စဉ်များအပေါ် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)အနေဖြင့် လွန်စွာပင် စိတ်နှလုံးမချမ်းမြေ့ ဖြစ်ရပါသည်။

        ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သော နေရာများသို့ ရည်ရွယ်ချက် ရှိစွာဖြင့် အကြမ်းဖက် တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကို ကျူးလွန် ခြင်းဖြစ်သဖြင့် PDF အဖွဲ့များနှင့် အကြမ်းဖက်အဖွဲ့များကို မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထား ထုတ်ပြန်အပ်ပါသည်။

 

                            မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)