မြန်မာနိုင်ငံစာရေးဆရာအသင်း သဘောထားထုတ်ပြန်ချက်

မြန်မာနိုင်ငံစာရေးဆရာအသင်း သဘောထားထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ မတ်လ ၂၆ ရက်

၁။     KKO (ခွဲထွက်)အဖွဲ့နှင့် NUG, CRPH လက်အောက်ခံ အကြမ်းဖက်အဖွဲ့များ သည် ကရင်ပြည်နယ် မြဝတီမြိုနယ်အတွင်း တည်ငြိမ်အေးချမ်းရေးပျက်ပြားစေရန်၊ ကုန်စည်စီးဆင်းမှုများ နှောင့်နှေးပျက်ပြားစေရန်နှင့် ပြည်သူများအထိတ်တလန့် ဖြစ်စေရန်ရည်ရွယ်၍ မတ်လ ၂၅ ရက်နေ့တွင် မြဝတီကုန်သွယ်ရေးဇုန်အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ ကုန်သွယ်ရေးဇုန်အဆောက်အဦ နှင့် X-Ray စက်တို့ပျက်စီးခဲ့သည့်အပြင် အပြစ်မဲ့ပြည်သူတစ်ဦး ဝန်ထမ်းတစ်ဦးနှင့် လုံခြုံရေး ဝန်ထမ်းအချို့ ထိခိုက်ဒဏ်ရာရ သေဆုံးမှုများဖြစ်ပွားခဲ့ပါသည်။

၂။     အဆိုပါအကြမ်းဖက်အဖွဲ့များ၏ စစ်ရေးနှင့် မသက်ဆိုင်သောနေရာများသို့ ယခု ကဲ့သို့ ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်တိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှု (War Crime) ကို ကျူးလွန်ခြင်းဖြစ်ကြောင်းနှင့် ပြင်းထန်စွာရှုတ်ချကြောင်း သဘောထား ထုတ်ပြန်ကြေညာအပ်ပါသည်။

                     မြန်မာနိုင်ငံစာရေးဆရာအသင်း