ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) သဘောထားထုတ်ပြန်ချက်

ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) သဘောထားထုတ်ပြန်ချက်

၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက်

၂၀၂၃ ခုနှစ် မတ်လ (၂၆)ရက်

၁။     ၂၀၂၃ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့ နံနက် ၆ နာရီခန့်တွင် KNU ခွဲထွက် KKO အမည်ခံအကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့တို့က  ကရင်ပြည်နယ် မြဝတီမြို့ရှိ မြဝတီကုန်သွယ်ရေးဇုန်အား လက်နက်ကြီး၊လက်နက်ငယ်များအသုံးပြုပြီး  ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ပါသည်။

၂။     အဆိုပါ အကြမ်းဖက်သမားများ၏ လူမဆန်သည့်ပစ်ခတ်မှုကြောင့်  ဌာနဆိုင်ရာ ဝန်ထမ်း (၁) ဦး၊ အပြစ်မဲ့ဒေသခံ အရပ်သားပြည်သူ(၁)ဦး သေဆုံးခဲ့ရပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တချို့ ထိခိုက်ကျဆုံးဒဏ်ရာများရရှိခဲ့ကြောင်း စိတ်နှလုံးမချမ်းမြေ့ဖွယ် သိရှိ ရပါသည်။

၃။     အကြမ်းဖက်သမားများသည် လုံခြုံရေးဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများ၊ အရပ် သားပြည်သူလူထုကို ရက်စက်စွာပစ်ခတ်သတ်ဖြတ်၍ လူမဆန်စွာမီးရှို့ ဖျက် ဆီးခြင်း၊  ဒေသခံ ပြည်သူလူထု၏ အလုပ်အကိုင်အခွင့်အလမ်းများကို ဆုံးရှုံးစေပြီး လူမှုစီးပွား ဘဝကို ပျက်စီးစေရန်ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခြင်း၊  နိုင်ငံတော်၏ ဘဏ္ဍာငွေများ ကို ဆုံးရှုံးစေရုံသာမကဘဲ ပြည်သူလူထုအား လက်နက်ကိုင်ဆောင် တိုက်ခိုက်ခြင်း တို့သည်   စစ်ရာဇဝတ်မှု (War Crime) ကို ကျူးလွန်ခြင်းဖြစ်ကြောင်းနှင့် ပြင်းထန်စွာ ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ကြေညာအပ်ပါသည်။

 

 

ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)

အလုပ်အမှုဆောင်အဖွဲ့