မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံး သဘောထားထုတ်ပြန်ချက်

မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံး သဘောထားထုတ်ပြန်ချက်

နေပြည်တော်၊ မတ် - ၂၆

        KKO (ခွဲထွက်)အဖွဲ့နှင့် NUG, CRPH လက်အောက်ခံအကြမ်းဖက်အဖွဲ့များ သည် ကရင်ပြည်နယ် မြဝတီမြိုနယ်အတွင်း တည်ငြိမ်အေးချမ်းရေးပျက်ပြားစေရန်၊ ကုန်စည်စီးဆင်းမှုများ နှောင့်နှေးပျက်ပြားစေရန်နှင့် ပြည်သူများအထိတ်တလန့် ဖြစ်စေရန်ရည်ရွယ်၍ မတ်လ ၂၅ ရက်နေ့တွင် မြဝတီကုန်သွယ်ရေးဇုန်အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ ကုန်သွယ်ရေးဇုန်အဆောက်အဦ နှင့် X-Ray စက်တို့ပျက်စီးခဲ့သည့်အပြင် အပြစ်မဲ့ပြည်သူတစ်ဦး ဝန်ထမ်းတစ်ဦးနှင့် လုံခြုံရေးဝန်ထမ်းအချို့ ထိခိုက်ဒဏ်ရာရ သေဆုံးမှုများဖြစ်ပွားခဲ့ပါသည်။

        ထိုကဲ့သို့ စစ်ရေးနှင့် မသက်ဆိုင်သောနေရာများကို ရည်ရွယ်ချက်ရှိရှိ အကြမ်း ဖက်တိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှု (War Crime)ကို ကျူးလွန်ခြင်းဖြစ်ကြောင်း နှင့် ပြင်းထန်စွာရှုတ်ချကြောင်း သဘောထားထုတ်ပြန်ကြေညာလိုက်သည်။

 

မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံး