မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ သဘောထားထုတ်ပြန်ချက်(၂/၂၀၂၃)

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ သဘောထားထုတ်ပြန်ချက်(၂/၂၀၂၃)

၂၀၂၃ခုနှစ်၊ မတ်လ ၂၆ရက် ၊ တနင်္ဂနွေနေ့

 

၁။     မတ်လ(၂၅) ရက်နေ့နံနက် (၆)နာရီ (၃၀)မိနစ်ခန့်က မြဝတီမြို့ရှိ ကုန်သွယ်ရေးဇုန်အား  PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များ အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ပါသည်။

၂။     အဆိုပါ အကြမ်းဖက်သမားများ၏ လူမဆန်သည့် ပစ်ခတ်မှုကြောင့် ဌာနဆိုင်ရာဝန်ထမ်း(၁)ဦး၊အပြစ်မဲ့ဒေသခံအရပ်သား ပြည်သူ (၁)ဦး သေဆုံးခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ထိခိုက်ကျဆုံးဒဏ်ရာများ ရရှိခဲ့ကြောင်းစိတ်နှလုံးမချမ်း မြေ့ဖွယ် သိရှိရပါသည်။

၃။     အကြမ်းဖက်သမားများ၏ ဆင်ခြင်တုံတရားကင်းမဲ့စွာဖြင့် စစ်ရေးနှင့်မသက် ဆိုင်သော ကုန်သွယ်ရေးဇုန်နေရာကို ပစ်ခတ်ဖျက်ဆီးခဲ့သည့် လုပ်ရပ်သည် ဒေသတည်ငြိမ်အေးချမ်းမှုကိုပျက်ပြားစေရန်နှင့် ကုန်စည်စီးဆင်းမှုများ နှောင့်နှေး ကြန့်ကြာပြီး ပြည်သူလူထုများအတွက်အကြပ်အတည်းဖြစ်စေရန် ရည်ရွယ် လုပ်ဆောင်ကြောင်း ထင်ရှားသဖြင့် အဆိုပါ အကြမ်းဖက်လုပ်ရပ်ကို လုပ်ကိုင်ခဲ့ သည့် မည်သည့်အကြမ်းဖက်အဖွဲ့အစည်းကိုမဆို မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီက လုံးဝ(လုံးဝ) လက်မခံနိုင်ပါကြောင်းနှင့် ပြင်းထန်စွာကန့်ကွက် ရှုတ်ချ ပါကြောင်း သဘောထားထုတ်ပြန်ကြေညာအပ်ပါသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ