မြဝတီကုန်သွယ်ရေးဇုန်အဆောက်အဦအား KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ယုတ်မာရက်စက်စွာ ပစ်ခတ်တိုက်ခိုက်ခဲ့မှုအပေါ် သဘောထားထုတ်ပြန်ချက်များ အသီးသီးထုတ်ပြန်

မြဝတီကုန်သွယ်ရေးဇုန်အဆောက်အဦအား KKO (ခွဲထွက်)အဖွဲ့နှင့်  PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ယုတ်မာရက်စက်စွာ ပစ်ခတ်တိုက်ခိုက်ခဲ့မှုအပေါ် သဘောထားထုတ်ပြန်ချက်များ အသီးသီးထုတ်ပြန်

နေပြည်တော်၊ မတ် - ၂၆

        ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေ ရန်၊ ကုန်စည်စီးဆင်းမှုအား နှောင့်နှေးကြန့်ကြာစေရန်နှင့် ဒေသခံပြည်သူများ အား ကြောက်ရွံ့ထိတ်လန့်စေရန် ရည်ရွယ်၍ မတ် ၂၅ ရက်တွင် KKO (ခွဲထွက်) အဖွဲ့နှင့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများ က မြဝတီကုန်သွယ်ရေးဇုန်အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာ ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းနှင့် အဆိုပါ တိုက်ခိုက်မှုကြောင့် ကုန်သွယ် ရေးဇုန် အဆောက်အဦနှင့် X-Ray စက်တို့ ပျက်စီး၍ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံးဒဏ်ရာများရရှိခဲ့ပြီး ဌာနဆိုင်ရာဝန်ထမ်း ၁ ဦးနှင့် ဒေသခံ အပြစ်မဲ့ အရပ်သားပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊ မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီ၊ မြန်မာနိုင်ငံစာရေးဆရာအသင်း၊ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)နှင့် မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးတို့က ထိုကဲ့သို့ အကြမ်း ဖက်လုပ်ရပ်များအား လက်မခံနိုင် ပါကြောင်းနှင့် ပြင်းထန်စွာကန့်ကွက် ရှုတ်ချ ပါကြောင်း သဘောထားများ အသီးသီးထုတ်ပြန်ခဲ့ကြကြောင်း သတင်းရရှိ သည်။