(၇၈)နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြုဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် အနုပညာရှင်များနှင့် ဂုဏ်ပြုစစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့် ဝတ္ထုစာမူဆုရရှိသူ စာပေပညာရှင်များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်

(၇၈)နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြုဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် အနုပညာရှင်များနှင့် ဂုဏ်ပြုစစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့် ဝတ္ထုစာမူဆုရရှိသူ စာပေပညာရှင်များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်

နေပြည်တော် မတ် - ၂၇

(၇၈)နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြုဇာတ်လမ်းဖြစ်သည့် “စောင်နီလေးတစ်ထည်” ဇာတ်လမ်းတွင် ပါဝင် သရုပ်ဆောင်ခဲ့ကြသည့် အနုပညာရှင်များနှင့် ဂုဏ်ပြုစစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့် ဝတ္ထုစာမူ ဆုရရှိသူ စာပေပညာရှင်များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်နေ့ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ဂုဏ်ပြုအမှာစကားပြောကြားသည်။

ထို့နောက် စိတ်ဓာတ်ရေးရာနှင့် လူထုဆက်ဆံရေးကော်မတီဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး က “စောင်နီလေးတစ်ထည်” ဇာတ်လမ်းတွင် ပါဝင်ခဲ့သည့် သရုပ်ဆောင်များဖြစ်ကြသည့် အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ အကယ်ဒမီ စိုးမြတ်နန္ဒာ၊ ကျော်ဇောဟိန်း၊ L နေနော်၊ နက္ခတ်၊ L ဆိုင်းဇီ၊ သီဟနိုင်၊ နေရောင်၊ သားထွေး၊ ယမုံမြင့်မြတ်၊ ဒါရိုက်တာ ဗိုလ်မှူး တင်အောင်စိုး (ပန်းမြို့တော်)၊ ဇာတ်ညွှန်း မျိုးမြင့်ရန်နောင်၊  တွဲဖက်ဒါရိုက်တာ ထွန်းကျောက်ခဲ၊ ဦးသိန်းထွန်းအောင်၊ ဦးပြည့်ဖြိုးဟန်၊ ဒေါက်တာ ဟိန်းထက်အေး၊ ကိုကိုဝင်း၊ သက်မူဝင်း နှင့် ဗညားရဲရင့်  တို့အား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများကိုလည်းကောင်း။

တပ်မတော်နေ့ကျင်းပရေးစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းက (၇၈) နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြု စစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့် ဝတ္ထုစာမူပြိုင်ပွဲတွင် ဆုရရှိသူများဖြစ်ကြသည့် ဂုဏ်ပြုစစ်ချီ သီချင်းပြိုင်ပွဲတွင် ပထမဆုရရှိသူ အောင်ဇော်ဦး(ရဲတီးဝိုင်း)၊ ဒုတိယဆုရရှိသူ ဒုတိယ တပ်ကြပ် လှိုင်ဝင်းထွန်း၊ စတုတ္ထဆုရရှိသူ ဇော်မျိုးထွန်း၊ ပဉ္စမဆုရရှိသူ မြင့်မိုရ်ဦး (သဇင်)၊ စစ်သည်တေးသီချင်းပြိုင်ပွဲတွင် ပထမဆုရရှိသူ ဇာမဏီ၊ ဒုတိယဆုရရှိသူ ကျော်ဆွေအောင်၊ တတိယဆုရရှိသူ မြင့်မိုရ်ဦး(သဇင်)၊ စတုတ္ထဆုရရှိသူ မြင့်မြတ်ဦး(မြဝတီ)၊ ပဉ္စမဆုရရှိသူ ရှိန်မြင့်ထက်(ဝါးကြီးအိုင်)၊ ကဗျာ(ဝါသနာရှင်)ပြိုင်ပွဲတွင် ပထမဆုရရှိသူ သက်ဝေ၊ ဒုတိယဆုရရှိသူ လုလင်(မှော်ဝန်းမြေ)၊ တတိယဆုရရှိသူ အန်ကယ်ပညာ၊ စတုတ္ထဆုရရှိသူ ရှိန်မြင့်ထက်(ဝါးကြီးအိုင်)၊ ပဉ္စမဆုရရှိသူ သဉ္ဇာညိုသင်း(လားရှိုး)၊ အထူးဆု(၁)ရရှိသူ ကျော့ဝင်း(မိုးညှင်း)၊ အထူးဆု(၂)ရရှိသူ ရဲမွန်ကျော်၊ အထူးဆု(၃)ရရှိသူ သောင်းဌေး (တောင်တွင်း) တို့အား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို လည်းကောင်း။

စာမူပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဇော်မင်းထွန်းက ဂုဏ်ပြုစစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့် ဝတ္ထုစာမူပြိုင်ပွဲတွင် ဆုရရှိသူများဖြစ်ကြသည့် ဂုဏ်ပြုကဗျာ (အလွတ်တန်း)ပြိုင်ပွဲတွင် ပထမဆုရရှိသူ ပုလော စိုးနံ့သာ၊ ဒုတိယဆုရရှိသူ မြတ်ထွန်းနောင်၊ တတိယဆုရရှိသူ ညောင်ရွှေ ခင်မောင်မြ၊ စတုတ္ထဆုရရှိသူ အမောင်၊ ပဉ္စမဆုရရှိသူ ဘုန်းမောင်ဝင်း(ဖျာပုံ)၊ ဂုဏ်ပြု ဝတ္ထုတိုပြိုင်ပွဲတွင် ပထမဆုရရှိသူ တက္ကသိုလ်မြမဉ္ဇူ၊ ဒုတိယဆုရရှိသူ နေဇင်(ပေါက်ခေါင်း)၊ ပဉ္စမဆုရရှိသူ မျိုးမြင့်ရန်နောင်၊ အထူးဆု(၁)ရရှိသူ ယိမ်းနွဲ့လျှံ၊ အထူးဆု(၂)ရရှိသူ အမောင်၊ အထူးဆု(၃)ရရှိသူ မသန်းလွင်(ဟဲဟိုး)၊ ဝတ္ထုရှည်ပြိုင်ပွဲတွင်  ပထမဆုရရှိသူ ရဲဘော် ထွန်းထွန်း(တနိုင်း)၊ ဒုတိယဆုရရှိသူ နွေကံ့ကော် (မြို့လှ)၊ တတိယဆုရရှိသူ မောင်မောင်လွင်(ရွှေဘိုသား)၊ စတုတ္ထဆုရရှိသူ မောင်လူစိမ်း (ကျုံပျော်)၊ ပဉ္စမဆုရရှိသူ သန်းဝင်းထွန်း(ဆွာ) တို့အား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြု မှတ်တမ်းလွှာ များကို လည်းကောင်း အသီးသီးပေးအပ်ကြသည်။

အခမ်းအနားအပြီးတွင် တပ်မတော်နေ့ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး က တက်ရောက်လာကြသူများအား လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး အဖွဲ့ဝင်များနှင့်အတူ ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။