(၇၈)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ဆုရရှိသော စစ်ရေးပြ တပ်ခွဲများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ

(၇၈)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ဆုရရှိသော စစ်ရေးပြ တပ်ခွဲများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ

နေပြည်တော်၊ မတ် - ၂၇

(၇၈)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ဆုရရှိကြသော စစ်ရေးပြတပ်ခွဲ များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိစုရပ် သစ်တပ်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ တပ်မတော်နေ့ ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက်၍ ဆုများကို ပေးအပ်ချီးမြှင့်သည်။

ဦးစွာ ဆုချီးမြှင့်ပွဲသို့ တက်ရောက်လာသည့် တပ်မတော်နေ့ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးအား စစ်ရေးပြမှူးကြီး ဗိုလ်ချုပ် မြင့်ကျော်ထွန်း ဦးဆောင်သည့် စစ်ရေးပြစစ်ကြောင်းများက အလေးပြုကြသည်။

ထို့နောက် ဂုဏ်ပြုဆုများ၊ အလံအဖွဲ့အကောင်းဆုံးဆုနှင့် စစ်တီးဝိုင်းအဖွဲ့ အကောင်းဆုံး ဆုများ ရရှိကြသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ကိုယ်စားပြု (အမျိုးသမီး)(အရာရှိ) စစ်ရေးပြ ဂုဏ်ပြုတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)အထူးတပ်ဖွဲ့ စစ်ရေးပြတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ)ကိုယ်စားပြု ယန္တရားတပ်ခွဲ၊ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ အရာရှိချုပ်ရုံးကိုယ်စားပြု ယန္တရားတပ်ခွဲ၊ အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူးရုံးကိုယ်စားပြု ယန္တရားတပ်ခွဲ၊ ဒုံးတပ်ဖွဲ့ညွှန်ကြား ရေးမှူးရုံးကိုယ်စားပြု ယန္တရားတပ်ခွဲ၊ သံချပ်ကာယန္တရားတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု ယန္တရားတပ်ခွဲ၊ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုယန္တရားတပ်ခွဲ၊ တပ်မတော်(ကြည်း) အထူးတာဝန်တပ်ဖွဲ့(အမျိုးသမီး) စစ်ရေးပြတပ်ခွဲ၊ ဗဟိုစစ်တီးဝိုင်းအဖွဲ့၊ လေအိတ်ပုလွေ တီးဝိုင်းအဖွဲ့၊ အောင်ဇေယျစစ်ကြောင်း (အမျိုးသမီး)အလံအဖွဲ့၊ မြင်းစီးစစ်ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲတီးဝိုင်းအဖွဲ့၊ စစ်တီးဝိုင်းအဖွဲ့ အကောင်းဆုံးဆုရရှိသည့် ဆင်ဖြူရှင်စစ်ကြောင်း စစ်တီးဝိုင်းအဖွဲ့၊ အလံအဖွဲ့ အကောင်းဆုံးဆုရရှိသည့် ဘုရင်နောင်စစ်ကြောင်း အလံတော်အဖွဲ့တို့အား စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ဂုဏ်ပြုဒိုင်းဆုများနှင့် ဂုဏ်ပြုဆုငွေများအား ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ တပ်မတော်(ကြည်း၊ ရေ၊ လေ)(အမျိုးသမီး) တပ်ခွဲစစ်ရေးပြ တတိယဆု ရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) (အမျိုးသမီး)  စစ်ရေးပြတပ်ခွဲ(၁)၊ အကောင်းဆုံးစခန်း တတိယဆု ရရှိသည့် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာချုပ်ကိုယ်စားပြုစစ်ရေးပြ တပ်ခွဲ၊ စစ်ချီသီချင်း  အကောင်းဆုံး တတိယဆုရရှိသည့် ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ စစ်စည်းကမ်း အကောင်းဆုံး တတိယဆုရရှိသည့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ စစ်ရေးပြအကောင်းဆုံး တတိယဆုရရှိသည့် ကာကွယ်ရေးဦးစီး ချုပ်ရုံး(လေ) ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ(၂)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့(အမျိုးသမီး)စစ်ရေးပြ ဒုတိယဆု ရရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုယ်စားပြု (အမျိုးသမီး)စစ်ရေးပြတပ်ခွဲ(၁)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (အမျိုးသား)စစ်ရေးပြ ဒုတိယဆုရရှိသည့်  မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု (အမျိုးသား)စစ်ရေးပြ တပ်ခွဲ(၃)၊ တပ်မတော်(ကြည်း၊ရေ၊လေ) (အမျိုးသမီး)စစ်ရေးပြ ဒုတိယဆုရရှိသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ)ကိုယ်စားပြု(အမျိုးသမီး) စစ်ရေးပြတပ်ခွဲ၊ အကောင်းဆုံးစခန်း ဒုတိယဆုရရှိသည့် လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ စစ်ချီသီချင်း အကောင်းဆုံး ဒုတိယဆုရရှိသည့် စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ စစ်စည်းကမ်းအကောင်းဆုံး ဒုတိယဆုရရှိသည့် ထောက််ပံ့နှင့်ပို့ဆောင်ရေးညွှန်ကြားရေး မှူးရုံးကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ စစ်ရေးပြအကောင်းဆုံး ဒုတိယဆုကို ကာကွယ်ရေးဦးစီး ချုပ်ရုံး(ရေ) ကိုယ်စားပြု စစ်ရေးပြတပ်ခွဲနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ (အမျိုးသမီး)စစ်ရေးပြ ပထမဆု ရရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု (အမျိုးသမီး) စစ်ရေးပြဂုဏ်ပြုတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (အမျိုးသား)စစ်ရေးပြ ပထမဆုရရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုယ်စားပြု (အမျိုးသား)စစ်ရေးပြ တပ်ခွဲ(၁)၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) (အမျိုးသမီး)စစ်ရေးပြ ပထမဆုရရှိသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ)ကိုယ်စားပြု (အမျိုးသမီး)စစ်ရေးပြတပ်ခွဲ၊ အကောင်းဆုံးစခန်း ပထမဆုရရှိသည့် သံချပ်ကာယန္တယား တပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ စစ်ချီသီချင်း အကောင်းဆုံး ပထမဆုရရှိသည့် လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့အရာရှိချုပ်ရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ စစ်စည်းကမ်းအကောင်းဆုံး ပထမဆုရရှိသည့် ဆက်သွယ်ရေး ညွှန်ကြားရေးမှူးရုံး  ကိုယ်စားပြု စစ်ရေးပြတပ်ခွဲနှင့် စစ်ရေးပြအကောင်းဆုံး ပထမဆုရရှိသည့် အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲတို့အား စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးမင်းဦးက ဒိုင်းဆုများနှင့် ဂုဏ်ပြုဆုငွေများအား ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် (၇၈)နှစ်မြောက် တပ်မတော်နေ့ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲ ရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက အုပ်ဖွဲ့ပျံသန်းအဖွဲ့ ဂုဏ်ပြုဆုကို ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ) အုပ်ဖွဲ့ပျံသန်းအဖွဲ့၊ စံပြတပ်ခွဲ တတိယဆုရရှိသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (လေ)ကိုယ်စားပြု စစ်ရေးပြဂုဏ်ပြုတပ်ခွဲ ၊ စံပြတပ်ခွဲ ဒုတိယဆုရရှိသည့် စစ်အင်ဂျင် နီယာညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြဂုဏ်ပြုတပ်ခွဲနှင့် စံပြတပ်ခွဲ ပထမဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြု စစ်ရေးပြဂုဏ်ပြုတပ်ခွဲများအား ဒိုင်းဆုနှင့် ဂုဏ်ပြုဆုငွေ များအား ပေးအပ် ချီးမြှင့်သည်။

ထို့နောက် တပ်မတော်နေ့ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ဂုဏ်ပြုအမှာစကားပြောကြားပြီး ဆုချီးမြှင့်ပွဲကို ရုပ်သိမ်း ခဲ့ကြောင်း သတင်းရရှိသည်။