မုံရွာမြို့၊ ရုံးကြီးရပ်ကွက်၊ စာရေးတန်းလမ်းရှိ အရှည် ၂၇၈၀ ပေ၊ အကျယ် ၁၈ ပေနှင့် ထု ၃ လက်မခွဲထုရှိ နိုင်လွန်ကတ္တရာ လမ်းသစ်ဖွင့်လှစ်

မုံရွာမြို့၊ ရုံးကြီးရပ်ကွက်၊ စာရေးတန်းလမ်းရှိ အရှည် ၂၇၈၀ ပေ၊ အကျယ် ၁၈ ပေနှင့် ထု ၃ လက်မခွဲထုရှိ နိုင်လွန်ကတ္တရာ လမ်းသစ်ဖွင့်လှစ်

နေပြည်တော်၊ မတ် - ၂၇

          (၇၈)နှစ်မြောက် တပ်မတော်နေ့ကိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ရုံးကြီးရပ်ကွက်၊ စာရေးတန်းလမ်းရှိ အရှည် ၂၇၈၀ ပေ၊ အကျယ် ၁၈ ပေနှင့် ထု ၃ လက်မခွဲထုရှိ နိုင်လွန်ကတ္တရာ လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ လမ်းသစ်မုခ်ဦးရှေ့၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်မှာစကားပြောကြားသည်။ ထို့နောက် တာဝန်ရှိသူတစ်ဦးက နိုင်လွန်ကတ္တရာလမ်းသစ်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက နိုင်လွန်ကတ္တရာလမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။