(၇၈)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်လာကြသူများ၏ စကားသံများ

(၇၈)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်လာကြသူများ၏ စကားသံများ

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ သန္ဓေတည်ပေါက်ဖွားလာပြီး သစ္စာ(၄)ချက်နှင့် ဒို့တာဝန်အရေး (၃)ပါးကို ဦးထိပ် ပန်ဆင်ရင်း နိုင်ငံတော်နှင့်နိုင်ငံသားတို့အတွက် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သည့် မြန်မာ့တပ်မတော်ကြီးသည် (၇၈)နှစ်မြောက်သို့ပင် ရောက်ရှိခဲ့ပြီဖြစ်သည်။ အဆိုပါ (၇၈)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို နေပြည်တော်ရှိ စစ်ရေးပြကွင်းကြီး၌ ကျင်းပရာ အခမ်းအနားသို့ တက်ရောက်လာကြသူများ၏ စကားသံများကို ဖော်ပြလိုက်ရပါသည်-

ဒေါ်စောမြရာဇာလင်း

(ရခိုင်ပြည်လွတ်မြောက်ရေးပါတီ)

ကျွန်မကတော့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီဥက္ကဋ္ဌဒေါ် စောမြရာဇာလင်းဖြစ်ပါတယ်။ ဒီနှစ်မှာငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေရှိ တယ်ဆိုတော့ ဥက္ကဋ္ဌအနေနဲ့ ကျွန်မက (၇၈)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားကို တက်ရောက်တာဖြစ်ပါတယ်။ ဂုဏ်ပြုချင်တာ လည်းပါပါတယ်။ ဘာလို့လဲဆိုရင် ဒီနေ့က အင်မတန်မှသမိုင်းဝင်တဲ့နေ့ပါ။ သမိုင်းဝင်တဲ့နေ့ဆိုတာက ကျွန်မတို့ရဲ့ မြန်မာနိုင်ငံကြီး အတွက် အပြောင်းအလဲကြီးကိုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီလိုနေ့တွေရဲ့ရှေ့ပိုင်းမှာကြည့်လိုက်ရင် တိုင်းရင်းသားပြည်သူတွေကလည်း တွန်းလှန်ခဲ့ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းပြည်ရဲ့ အပြောင်းအလဲကြီးတစ်ခု ခိုင်ခိုင်မာမာဖြစ်ပေါ် လာစေတဲ့နေ့ဖြစ်စေတဲ့ အတွက်ကြောင့် ကျွန်မဂုဏ်ပြုပါတယ်။

ဗိုလ်ကြီးမျိုးခင်(အငြိမ်းစား)

စစ်မှုထမ်းဟောင်း

ကျွန်တော်ကတော့ ဗိုလ်ကြီးမျိုးခင် တပ်မတော်အငြိမ်းစား စစ်မှုထမ်းဟောင်း တစ်ယောက်ဖြစ်ပါတယ်။ ဥတ္တရသီရိမြို့နယ် ကိုယ်စားပြုအနေနဲ့ လာတက်ရောက်ရခြင်းဖြစ်ပါတယ်။ တပ်မတော်နေ့အခမ်းအနားကို တက်ရောက်တာ သုံးနှစ်မြောက် တက်ရောက် တာဖြစ်ပါတယ်။ ဒီအခမ်းအနားကို တက်ရောက်ရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ဝမ်းသာဂုဏ်ယူမိပါတယ်။ တပ်မတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက်၊ ပြည်သူလူထုအတွက် အများကြီးအကျိုးပြုတဲ့ တပ်မတော်ဖြစ်ပါစေ၊  ကာကွယ်ပေးနိုင်တဲ့ တပ်မတော်ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ တပ်မတော်အပေါ် အထင်အမြင်လွဲမှားမှုများ၊ နားလည်မှု လွဲနေသူများ၊  နိုင်ငံရေးသမားတွေရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့် တပ်မတော်ဟာ တိုင်းပြည်နဲ့လူမျိုးအတွက် အမျိုးသားရေး တာဝန် တစ်ရပ်   ထမ်းဆောင်နေတယ်ဆိုတာ နားလည်ဖို့လိုပါတယ်။ စစ်မှုထမ်းဟောင်း တစ်ယောက်အနေနဲ့ တပ်မတော်က ပေးအပ်လာတဲ့ တာဝန်၊  နိုင်ငံ့တာဝန်ကို ကျေကျေပွန်ပွန်ထမ်းဆောင်ဖို့ အမြဲတမ်းအသင့်ရှိနေပါတယ်လို့ ပြောချင်ပါတယ်။

ရဲဘော်ထွန်းထွန်း(တနိုင်း) 

(ဝတ္ထုရှည်-ပထမဆု)

ကျွန်တော့်နာမည်အရင်းကတော့ ဦးထွန်းလင်းဖြစ်ပါတယ်။   စာရေးတဲ့ ကလောင်နာမည်က ရဲဘော်ထွန်းထွန်း(တနိုင်း)ဖြစ်ပါတယ်။ ဝတ္ထုရှည်ပြိုင်ပွဲမှာ ပထမဆုရရှိခဲ့တာဖြစ်ပါတယ်။ ကျွန်တော်ရေးတဲ့ဝတ္ထုက  တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုအတွက် “ငါတို့သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏သစ္စာကို စောင့်သိရိုသေပါမည်” ဆိုတဲ့ဝတ္ထုရှည်နဲ့ ဝင်ရောက် ယှဉ်ပြိုင် ခဲ့ပါတယ်။  ဒီဝတ္ထုက ကချင်ပြည်နယ်ကို အခြေခံပြီးရေးတာပါ။   ကျွန်တော်က တပ်မတော်ကို ချစ်မြတ်နိုးသူဖြစ်တဲ့အတွက် ၁၉၈၀ ပြည့်နှစ်ကစပြီး တာဝန်ထမ်းဆောင်ပြီး တပ်မတော်သားတွေအပေါ် ချစ်မြတ်နိုးတဲ့စိတ်နဲ့ ဒီဝတ္ထုကိုရေးခဲ့တာဖြစ်ပါတယ်။ ကျွန်တော်ဒီဝတ္ထုကို မျှော်လင့်ခြင်းများစွာနဲ့ ရေးလိုက်ရတာပါ။ ဆုရတယ်ဆိုတဲ့ အကြောင်းကိုကြားလိုက်ရတော့ အတိုင်းမသိ ဝမ်းသာမိပါတယ်။ ကျွန်တော်ပြောချင်တာက လူငယ်လေးတွေ နိုင်ငံတော်ကိုချစ်မြတ်နိုးတဲ့စိတ်၊  တပ်မတော်ကို ချစ်မြတ်နိုးတဲ့စိတ်၊   မိသားစုအတွက်ချစ်မြတ်နိုးတဲ့ စိတ်တွေထားပြီး ဆတက် ထမ်းပိုးထမ်းဆောင်ပြီး ကာကွယ်ချင်တဲ့စိတ်အပြည့်ရှိကြပါလို့ ပြောချင်ပါ တယ်။ ကျွန်တော်ကတော့ကြိုးစားပြီး   နောက်လည်း ဝတ္ထုတို၊ ဝတ္ထုရှည်တို့ တစ်လှည့်စီဝင် ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

အောင်ဇော်ဦး(ရဲတီးဝိုင်း)

(စစ်ချီသီချင်း - ပထမဆု)

ကျွန်တော်ကတော့ ရဲတီးဝိုင်းတာဝန်ခံအရာရှိအဖြစ် ထမ်းဆောင်နေတာဖြစ်ပါတယ်။ ကလောင်အမည်လည်း အောင်ဇော်ဦးပဲ ဖြစ်ပါတယ်။ စစ်ချီတေးပြိုင်ပွဲမှာ “ရဲဝံ့ဇာနည် အောင်စစ်သည်” တေးသီချင်းနဲ့ ပထမဆုကိုရရှိခဲ့တာ ဖြစ်ပါတယ်။ အဓိက ရေးခဲ့တာလေးကတော့ တပ်မတော်ဟာ အမြဲတမ်းစည်းကမ်းရှိတယ်။ အမြဲတမ်းအစဉ်အလာကောင်းတယ်။  နိုင်ငံတော်အတွက် တပ်မတော်သားတွေက စွန့်လွှတ်စွန့်စားတဲ့ စိတ်အပြည့်နဲ့ အမြဲတမ်းလုပ်နေတယ်။ မှတ်ကျောက်လည်းတင်ခံရဲတယ်။  ကိုယ့်နိုင်ငံတော် သာယာတည်ငြိမ်အေးချမ်းရေးအတွက် စွန့်လွှတ်စွန့်စားလုပ်နေတယ်ဆိုတဲ့ အကြောင်းလေးကို “ရဲဝံ့ဇာနည် အောင်စစ်သည်” ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ရေးဖြစ်တာပါ။ လူကြီးတွေကလည်း ဂုဏ်ပြုပေးတဲ့အတွက် အတိုင်းမသိ ဝမ်းသာ ဂုဏ်ယူမိပါတယ်။ ကိုယ့်နိုင်ငံကာကွယ်ဖို့ တိုးတက်အောင် ဘယ်လိုလုပ်မလဲဆိုတာကို စာလေးနဲ့ပြောနေမယ့်အစား ဒီထက်ပိုပြီး တော့ နားထဲရင်ထဲရောက်အောင်၊ ဂီတသံစဉ်တွေနဲ့ လူငယ်တွေရင်ထဲရောက်သွားအောင် လုပ်နိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ရှေ့လျှောက်လည်း ဆက်ပြီးရေးသွားဦးမယ်လို့ ပြောချင်ပါတယ်။

မနော်ဂျယ်စီ

(တိုင်းရင်းသားဖွံ့ဖြိုးရေးတက္ကသိုလ်)

သမီးနာမည်ကတော့ နော်ဂျယ်စီဖြစ်ပါတယ်။ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကိုယ်စားပြုအနေနဲ့ အခမ်းအနားကို လာတက်ခြင်းဖြစ်ပါတယ်။ (၇၈)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားကို တက်ရောက်ရတဲ့အတွက်ပျော်ပါတယ်။ ပထမဆုံး အနေနဲ့ တက်ရောက်ရတဲ့အတွက် အတွေ့အကြုံသစ်တွေ၊ မမြင်ဖူးတာတွေ မြင်ရတဲ့အတွက် အတိုင်းမသိဝမ်းသာမိပါတယ်။ သမီးတို့ ကကျောင်းဆင်းရင် ကျောင်းဆရာမတွေဖြစ်မယ်။ ပညာရေးဝန်ထမ်းအနေနဲ့ ကိုယ်တတ်နိုင်သလောက် နိုင်ငံတော်အတွက် ကြိုးပမ်း ဆောင်ရွက်သွားမှာပါရှင့်။ အနာဂတ်မျိုးဆက်သစ်အနေနဲ့ဆိုရင် သမီးတို့မှာ ပိုပြီးတော့တာဝန်ရှိပါတယ်။ ကိုယ်တွေက အနာဂတ် မျိုးဆက်သစ်တွေကို ပျိုးထောင်ပေးရမယ့် ဆရာ၊ ဆရာမတွေဖြစ်တဲ့အတွက် ကလေးတွေကို ကိုယ့်ရဲ့အသိပညာ၊ အတတ်ပညာတွေ ကို မျှဝေပေးချင်ပါတယ်။    ။  

လဲ့ရည်လှိုင်