မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ သဘောထားထုတ်ပြန်ချက်

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ သဘောထားထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်၊ တနင်္လာနေ့

၁။      ၂၀၂၃ ခုနှစ်၊ မတ်လ ၂၅ ရက်၊ စနေနေ့၊ နံနက် ၆ နာရီ မိနစ် ၃၀ ခန့်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ မြဝတီကုန်သွယ်ရေးဇုန်အား KKO (ခွဲထွက်) အဖွဲ့နှင့် PDF အကြမ်းဖက်အဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်၍ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ရာ ကုန်သွယ်ရေးဇုန်တွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ အကောက်ခွန်ဝန်ထမ်း ၁ ဦးနှင့် အပြစ်မဲ့ပြည်သူ ၁ ဦး သေဆုံး၍ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ကုန်သွယ်ရေးဇုန် အဆောက်အဦနှင့် X-Ray စက်တို့ မီးလောင်ပျက်စီးခဲ့ကြောင်း စိတ်နှလုံးမချမ်းမြေ့ဖွယ် ကြားသိရပါသည်။

၂။      ကရင်ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးသာမက တစ်နိုင်ငံလုံးရှိ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်ကြသည့်   ပြည်သူများ၏ စားဝတ်နေရေးအတွက် အဓိကကုန်စည် ပို့ဆောင်ရာနေရာဖြစ်သော မြဝတီကုန်သွယ်ရေးဇုန်အား အနှောင့်အယှက်ပေးရန် ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်ဖျက်ဆီးခဲ့သည့် အကြမ်းဖက်အဖွဲ့များ၏   ဆင်ခြင်မှုကင်းမဲ့သည့် အကြမ်းဖက် လုပ်ရပ်အား မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထား ထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့