တိုင်းစစ်ဌာနချုပ်အသီးသီး၌ (၇၈)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားများ ကျင်းပပြုလုပ်

တိုင်းစစ်ဌာနချုပ်အသီးသီး၌ (၇၈)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားများ ကျင်းပပြုလုပ်

နေပြည်တော်၊ မတ် - ၂၈

    (၇၈)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားများကို မတ် ၂၇ ရက် နံနက်ပိုင်းတွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တို့၌ အသီးသီး ကျင်းပပြုလုပ်ကြရာ တိုင်းစစ်ဌာနချုပ်များ အလိုက် တိုင်းမှူးများက တက်ရောက် မိန့်ခွန်းပြောကြားကြသည်။

     ထို့နောက် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် စစ်သည်တော် ကျင့်ဝတ်ပြိုင်ပွဲများတွင် ပထမဆုရရှိကြသည့် အရာရှိ၊ စစ်သည်များနှင့် အဆင့် တိုးမြှင့်ခြင်းခံရသည့် စစ်သည်များအား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများက အဆင့်တံဆိပ်များ၊ ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ပြုဆုငွေ များပေးအပ် ချီးမြှင့်ကြသည်။

   ဆက်လက်၍ တပ်မတော်နေ့ အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပပြုလုပ်ပြီး ဆုရရှိသူများအား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ကြသည်။ ညပိုင်းတွင်(၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲများကို တိုင်းစစ်ဌာနချုပ်များအလိုက် အသီးသီး ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။