လားရှိုးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် မန်ဆူစေတီတော်မြတ်ကြီး၌ တတိယအကြိမ် လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ရန် အလှူငွေများ ပေးအပ် လှူဒါန်း

လားရှိုးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် မန်ဆူစေတီတော်မြတ်ကြီး၌ တတိယအကြိမ် လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ရန် အလှူငွေများ ပေးအပ် လှူဒါန်း

နေပြည်တော်၊ မတ် - ၂၈

   ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ မန်ဆူဘုရားကြီး ပရိဝုဏ်အတွင်း၌ တည်ထားကိုးကွယ်လျက်ရှိသော ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် မန်ဆူ စေတီတော်မြတ်ကြီးအား တတိယအကြိမ် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူ ပူဇော်ရန် အလှူငွေပေးအပ်လှူဒါန်းခြင်းကို မတ် ၂၇ ရက် မွန်းလွဲပိုင်းတွင် အဆိုပါ စေတီတော်ကြီး၌ ပြုလုပ်ရာ လားရှိုးမြို့၊ မဟာဗောဓာရုံပရိယတ္တိ စာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တ နာရဒ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များ တက်ရောက်ကြသည်။

     ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မဟာဗောဓာရုံပရိယတ္တိ စာသင်တိုက် ဦးစီးပဓာန နာယက ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည် ကြပြီး သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် တိုင်းမှူးက လှူဒါန်းငွေပေးအပ်ရခြင်းနှင့်  သာသနာရေးဆိုင်ရာများကို လျှောက်ထားတင်ပြပြီး တိုင်းမှူးနှင့် တာဝန်ရှိသူများက သံဃာတော်များထံသို့ အလှူငွေများ ဆက်ကပ် လှူဒါန်းကြသည်။

      ယင်းနောက်တိုင်းမှူးနှင့် တာဝန်ရှိသူများသည် စေတနာရှင်အလှူရှင်များက   လာရောက်လှူဒါန်းသည့် အလှူငွေကျပ် ၁၅၃၈၉၀၀၀၀ အား လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ပြီး အေတီတပ်ဦးကျောင်းတိုက် ဆရာတော်ကြီးနှင့် မန်ဆူဘုရားကြီးကျောင်းတိုက် ဆရာတော်ကြီးများထံမှ ဆုံးမ ဩဝါဒတရားများ နာယူကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေ ခဲ့ကြကြောင်း သတင်းရရှိသည်။