လွိုင်ကော်မြို့နှင့် တောင်ငူမြို့တို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူ နေသူများအား သွားရောက်ကြည့်ရှုအားပေး

လွိုင်ကော်မြို့နှင့် တောင်ငူမြို့တို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူ နေသူများအား သွားရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ မတ် - ၂၈

    ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ နယ်မြေခံ တပ်မတော်ဆေးရုံနှင့် ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူမြို့ရှိ နယ်မြေခံ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများအား ယနေ့ တွင် သက်ဆိုင်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါ ဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေး တိုးတက်ကောင်းမွန်မှု အခြေအနေ များအား ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။

    ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများသည် ဆေးရုံဝန်းများအတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။