အစိုးရဓမ္မာစရိယစာမေးပွဲ သတ္တမနေ့နှင့် ပါဠိပထမပြန်စာမေးပွဲ ပထမနေ့ကျင်းပ

အစိုးရဓမ္မာစရိယစာမေးပွဲ သတ္တမနေ့နှင့် ပါဠိပထမပြန်စာမေးပွဲ ပထမနေ့ကျင်းပ

နေပြည်တော်  မတ်  ၂၈

    သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေး ဦးစီးဌာနက ကြီးမှူး၍ နှစ်စဉ် ကျင်းပသော ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယ စာမေးပွဲကို ယနေ့တွင် နိုင်ငံတစ်ဝန်းရှိ စာဖြေဌာန ၇၀ တို့၌ သတ္တမနေ့အဖြစ် လည်းကောင်း၊ ပါဠိပထမပြန် စာမေးပွဲကို စာဖြေ ဌာန ၂၂၉ ဌာနတို့၌ ပထမနေ့အဖြစ် လည်းကောင်း ဖြေဆိုကြသည်။

    အစိုးရဓမ္မာစရိယစာမေးပွဲ သတ္တမနေ့ကို စာရင်းသွင်း ၂၃၁၁ ပါး/ဦးအနက် ၁၄၂၉ ပါး/ဦးဖြေဆိုကြသဖြင့်  ၆၁ ဒသမ ၈၃ ရာခိုင်နှုန်း ဖြေဆိုကြပြီး ပါဠိပထမပြန်စာမေးပွဲ (ပထမကြီး၊ ပထမလတ်၊ ပထမငယ်၊ အခြေပြုမူလတန်း) ပထမနေ့ကို စာရင်းသွင်း ၅၇၃၆၃ ပါး/ဦးအနက် ၄၆၀၆၀ ပါး/ဦးဖြေဆိုကြသဖြင့် ၈၀ ဒသမ ၃၀ ရာခိုင်နှုန်း ဖြေဆိုကြကြောင်း သာသနာရေး ဦးစီးဌာနမှ သိရှိရသည်။