တာမွေမြို့နယ်၌ အခြေခံပညာ(မူလတန်း) ဘာသာရပ်စွမ်းရည်မြင့် ဆွေးနွေးပွဲကျင်းပ

တာမွေမြို့နယ်၌ အခြေခံပညာ(မူလတန်း) ဘာသာရပ်စွမ်းရည်မြင့် ဆွေးနွေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး  သင်္ဃန်းကျွန်း ခရိုင်   တာမွေမြို့နယ်အတွင်းရှိ  ဆရာ၊ ဆရာမများအား အခြေခံပညာ(မူလတန်း) ဘာသာရပ်များကို သင်တန်းနည်းပြများနှင့် အတူ  ပူးပေါင်းပါဝင်ဆွေးနွေးနိုင်စေရန် နှင့်    သင်တန်းနည်းပြများဦးဆောင်၍ သင်ကြားရေးတွင်   ကျောင်းသားဗဟိုပြု နည်းဖြင့် ပါဝင်ဆွေးနွေး နိုင်စေရန် ရည် ရွယ်၍  ၂၀၂၂-၂၀၂၃   ပညာသင်နှစ်မြို့နယ်အဆင့်   အခြေခံပညာ (မူလတန်း) ဘာသာရပ်စွမ်းရည်မြင့်ဆွေးနွေးပွဲကို တာမွေမြို့နယ်ရှိ အမှတ်(၃) အခြေခံပညာအထက် တန်းကျောင်း ဇွဲခန်းမ၌ကျင်းပသည်။

အခမ်းအနားတွင် တာမွေမြို့နယ်ပညာ ရေးမှူး  ဒေါ်ကြူကြူခိုင်က  ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အခြေခံပညာ(မူလတန်း) ဘာသာရပ်များအလိုက် ဆွေးနွေးခြင်းကို ဆက်လက်ဆောင်ရွက်ကြသည်။

အဆိုပါ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်   အခြေခံပညာ(မူလတန်း) ဘာသာရပ်စွမ်းရည်မြင့်    ဆွေးနွေးပွဲတွင် တာမွေမြို့နယ်အတွင်းရှိ   အခြေခံပညာ ကျောင်းများမှ မူလတန်းကျောင်းအုပ်ကြီး များ၊ မူလတန်းပြများ၊ ဒုတိယမူလတန်းပြများ၊   လက်ထောက်မူလတန်းပြများနှင့် မြို့နယ်အတွင်းရှိ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် နားမကြားသော  ကလေးများကျောင်း

(ရန်ကုန်)တို့မှ သင်တန်းသား၊ သင်တန်း သူ ဆရာ၊ ဆရာမ စုစုပေါင်း ၁၅၂  ဦး တက်ရောက်လျက်ရှိပြီး ဆွေးနွေးပွဲကို မတ် ၂၈ ရက်မှ  ၃၁ ရက်အထိ KG သင်ရိုးညွှန်းတမ်းဖွဲ့စည်းပုံ၊   သင်ယူဖွံ့ဖြိုးမှုနယ်ပယ်များ၊ ကလေးဗဟိုပြုချဉ်းကပ်နည်းများ၊  ကစားခြင်းဖြင့်သင်ယူနည်းများ၊  အခြေခံပညာ(မူလတန်း) ဘာသာရပ်များဖြစ်သည့် မြန်မာစာ၊ အင်္ဂလိပ်စာ၊  သင်္ချာ၊ သိပ္ပံနှင့်  လူမှုရေးဘာသာရပ်များ၏  သင်ခန်းစာဖွဲ့စည်းပုံနှင့်  သင်ကြားနည်းများ စစ်ဆေးအကဲဖြတ်ခြင်းကို     အသေးစိတ်ရှင်းလင်း ဆွေးနွေးကြကြောင်း သိရသည်။ 

နိုင်လင်းအောင်(တာမွေ)