ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်းများ၊ အရာထမ်း(အမျိုးသမီး)၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်းများ၏ မိသားစုဝင်များ အခြေခံအဘိဓမ္မာသင်တန်းနှင့် မိသားစုဝင် သား/သမီးများ ယဉ်ကျေးလိမ္မာသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားများ ကျင်းပ

ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်းများ၊ အရာထမ်း(အမျိုးသမီး)၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်းများ၏ မိသားစုဝင်များ အခြေခံအဘိဓမ္မာသင်တန်းနှင့် မိသားစုဝင် သား/သမီးများ ယဉ်ကျေးလိမ္မာသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားများ ကျင်းပ

နေပြည်တော်  မတ်  ၂၈

 

ပြည်ထဲရေးဝန်ကြီးဌာန  တပ်ဖွဲ့ဝင်/ဝန်ထမ်းများ၊ အရာထမ်း(အမျိုးသမီး)၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်းများ၏ မိသားစုဝင်များ အခြေခံအဘိဓမ္မာသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန၌ ကျင်းပသည်။

 သင်တန်းဆင်းပွဲသို့ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီနှင့်ဇနီး၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်  ဗိုလ်ချုပ်ဇင်မင်းထက် ၏ဇနီး၊  အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦး နှင့်ဇနီး၊ တပ်ဖွဲ့/ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ/အရာရှိကြီးများနှင့်ဇနီးများ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာမများနှင့် ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်းများ၊ တပ်ဖွဲ့ဝင်/ဝန်ထမ်းအရာထမ်းများ၏ မိသားစုဝင် သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ အခြေခံအဘိဓမ္မာသင်တန်းသင်တန်းဆင်းပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီက အမှာစကားပြောကြားသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက  သင်တန်းနည်းပြ ဆရာမများကို     ဂုဏ်ပြုအမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပြီး သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

အဆိုပါ အခြေခံအဘိဓမ္မာသင်တန်းကို ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့မှ တပ်ဖွဲ့ဝင်/ဝန်ထမ်းများ၊ အရာထမ်း(အမျိုးသမီး)၊ တပ်ဖွဲ့ဝင်/ဝန်ထမ်းအရာထမ်းများ၏ မိသားစုဝင် သင်တန်းသူ စုစုပေါင်း ၆၄၃ ဦး တက်ရောက်ကြသည်။

ယင်းနောက် ယဉ်ကျေးလိမ္မာသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို နေပြည်တော်ရှိ ရုံးအမှတ်(၈) မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ဆက်လက်ကျင်းပရာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီက အမှာစကားပြောကြားသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းနည်းပြ ဆရာ၊ ဆရာမများကို ဂုဏ်ပြုအမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပြီး သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသား၊ သင်တန်းသူ၊ ကျောင်းသား၊ ကျောင်းသူများကို  ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

အဆိုပါ ယဉ်ကျေးလိမ္မာသင်တန်းကို ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊  အကျဉ်းဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့မှ တပ်ဖွဲ့ဝင်/ဝန်ထမ်းများ၏ မိသားစုဝင် သား/သမီး၊ ကျောင်းသား၊ ကျောင်းသူများအနက်   Grade-2 မှ Grade-12 အထိ စုစုပေါင်း ၄၆၉ ဦးကို တန်းခွဲ လေးခုခွဲ၍ ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။