ဈေးကွက်တန်ကြေးအများဆုံးကစားသမားစာရင်းတွင် တိုက်စစ်ကစားသမား အမ်ဘတ်ပီ စတာလင်ပေါင် ၁၇၆ သန်းဖြင့် ထိပ်ဆုံး၌ရပ်တည်

ဈေးကွက်တန်ကြေးအများဆုံးကစားသမားစာရင်းတွင် တိုက်စစ်ကစားသမား အမ်ဘတ်ပီ စတာလင်ပေါင် ၁၇၆ သန်းဖြင့် ထိပ်ဆုံး၌ရပ်တည်

ဘောလုံးလောက၌ ဈေးကွက်တန်ကြေးအများဆုံး ကစားသမားစာရင်းတွင် ပီအက်စ်ဂျီအသင်းတိုက်စစ် ကစားသမား အမ်ဘတ်ပီက စတာလင်ပေါင်  ၁၇၆ သန်းဖြင့်    ထိပ်ဆုံး၌ရပ်တည်နေကြောင်း    သိရသည်။

အသက် ၂၄ နှစ်အရွယ် အမ်ဘတ်ပီသည် ၂၀၁၇ ခုနှစ်က  မိုနာကိုအသင်းမှ   ပီအက်စ်ဂျီအသင်းသို့ ပြောင်းရွှေ့ကစားပြီးနောက်     အသင်းနှင့်အတူ ထိပ်တန်းအဆင့်ရှိ   ခြေစွမ်းပြနိုင်ကာ  လက်ရှိဈေး ကွက်တန်ကြေးအများဆုံး ကစားသမားစာရင်းတွင်လည်း  မန်စီးတီးအသင်းတိုက်စစ်မှူး   ဟာလန်းကို ကျော်ဖြတ်ပြီး ထိပ်ဆုံး၌ ရပ်တည်နေခြင်း ဖြစ်သည်။

အမ်ဘတ်ပီသည် ပြီးခဲ့သည့်ဘောလုံးရာသီအကုန်က ပီအက်စ်ဂျီအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံး ပြီးနောက် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာရန် နီးစပ်ခဲ့သော်လည်း နောက်ပိုင်း ပီအက်စ်ဂျီအသင်းက မြင့်မားသည့်လုပ်လစာအပြင်  တခြားအခွင့်အရေး များကိုလည်းပေးအပ်ခဲ့သည့်အတွက်    အသင်းနှင့် ၂၀၂၅   ခုနှစ်အထိ  သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ ခြင်းဖြစ်သည်။

လက်ရှိ ဘောလုံးလောက၏ဈေးကွက်တန်ကြေး အများဆုံးကစားသမားစာရင်း၌    အမ်ဘတ်ပီ၏ နောက်တွင် မန်စီးတီး အသင်းတိုက်စစ်မှူး ဟာလန်းက စတာလင်ပေါင် သန်း ၁၆၀ ဖြင့် ဒုတိယနေရာ၌ ရပ်တည်နေသည်။

၎င်းတို့နှစ်ဦး၏နောက်၌     ဒေါ့မွန်အသင်းမှ ဘယ်လင်ဟမ်က  စတာလင်ပေါင်  ၁၃၃  သန်း၊  ရီးယဲလ်မက်ဒရစ် အသင်းမှ ဗင်နီစီးယက်စ်က စတာလင်ပေါင် ၁၂၄ သန်းနှင့် မန်စီးတီးအသင်းမှ ဖိုဒန်က စတာလင်ပေါင် ၁၂၂ သန်းဖြင့် အသီးသီးရပ်တည် နေကြောင်း သိရသည်။

Ref;Transfer Market