အင်တာမီလန်အသင်းက ယခုဘောလုံးရာသီအကုန်တွင် နည်းပြအင်ဇာဂီကို ထုတ်ပယ်ပြီး နည်းပြဟောင်း ကွန်တီနှင့် အစားထိုးဖွယ်ရှိ

အင်တာမီလန်အသင်းက ယခုဘောလုံးရာသီအကုန်တွင် နည်းပြအင်ဇာဂီကို ထုတ်ပယ်ပြီး နည်းပြဟောင်း ကွန်တီနှင့် အစားထိုးဖွယ်ရှိ

အင်တာမီလန်အသင်းက ယခုဘောလုံးရာသီအကုန် တွင် နည်းပြအင်ဇာဂီကိုထုတ်ပယ်ပြီး နည်းပြဟောင်း ကွန်တီနှင့်အစားထိုးဖွယ်ရှိနေကြောင်း သိရသည်။

အသက် ၄၆ နှစ်အရွယ် အင်ဇာဂီသည်  ၂၀၂၁ ခုနှစ်က အင်တာမီလန်အသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပြီး   ယခုဘောလုံးရာသီတွင်   ချန်ပီယံလိဂ်ပြိုင်ပွဲ၌  ကွာတားဖိုင်နယ်အဆင့်သို့  တက်ရောက်အောင် စွမ်းဆောင်ပေးထားသော်လည်း   စီးရီးအေပြိုင်ပွဲတွင် အဆင့်(၃)နေရာ၌သာ  ရပ်တည်နေကြောင်း   သိရသည်။

အင်တာမီလန်အသင်းက  ယခုဘောလုံးရာသီတွင် စီးရီးအေချန်ပီယံဆုအတွက် မျှော်လင့်ချက်နည်းပါး နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ပင် မသေချာသေးဘဲ ချန်ပီယံလိဂ်ဝင်ခွင့်နှင့် လွဲချော်မည်ဆိုပါက   အသင်းကို  အောင်မြင်မှုများရရှိအောင်  စွမ်းဆောင်ပေးနိုင်ခဲ့သည့်   နည်းပြဟောင်းကွန်တီကို ခန့်အပ်လိုနေခြင်း ဖြစ်သည်။

နည်းပြကွန်တီသည်    အင်တာမီလန်အသင်းကို ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ တာဝန်ယူကိုင်တွယ် ပြီးနောက် အသင်းကို ဆယ်စုနှစ်တစ်ခု နီးပါးဝေးကွာနေသည့် အီတလီစီးရီးအေချန်ပီယံဆုကို  ပြန်လည် ဆွတ်ခူးပေးနိုင်ခဲ့ပြီးနောက်   အသင်းမှနုတ်ထွက်ပြီး စပါးအသင်းသို့ပြောင်းရွှေ့ခဲ့သော်လည်း    ယခုအခါ စပါးအသင်းမှ ထွက်ခွာခဲ့ရပြီး   ကလပ်အသင်းလက်မဲ့ ဖြစ်နေကြောင်း သိရသည်။

Ref;Goal.com