ကန့်ကွက်နိုင်ကြောင်း အများသိစေရန်ကြေညာခြင်း

ကန့်ကွက်နိုင်ကြောင်း အများသိစေရန်ကြေညာခြင်း

၁။         ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ မရမ်းကုန်းရပ်ကွက်၊ ရွှေဒါးကုန်းလမ်း၊ အမှတ်(၂၈)တွင် ပါတီရုံးချုပ်တည်ရှိသော ကရင်ပြည်သူ့ပါတီ (KPP) က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေး ပါတီအဖြစ် ဆက်လက် တည်ထောင်မှတ်ပုံတင်ခွင့်ပြုရန် ၂၈-၃-၂၀၂၃ ရက်နေ့တွင် လျှောက်ထားလာပါသည်။ ယင်းသို့ လျှောက်ထားရာတွင် ပါတီအမည်၊ အလံနှင့်တံဆိပ်တို့ကို ဖော်ပြပါအတိုင်းအသုံးပြုမည်ဖြစ် ကြောင်း တင်ပြလာပါသည်။

၂။         ယင်းအဖွဲ့အစည်းကအသုံးပြုမည့် ပါတီအမည်၊ အလံနှင့်တံဆိပ် တို့ကိုကန့်ကွက်လိုက ယခုကြေညာသည့်နေ့မှစ၍ (၇)ရက် အတွင်း ခိုင်လုံသောအထောက်အထားများဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်နိုင်ပါကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ  ၁၄ (ဃ) အရ အများသိစေရန်ကြေညာအပ်ပါသည်။

ကရင်ပြည်သူ့ပါတီ (KPP)၏ အလံပုံစံ

 

ကရင်ပြည်သူ့ပါတီ (KPP)၏ တံဆိပ်ပုံစံ

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်