ကန့်ကွက်နိုင်ကြောင်း အများသိစေရန်ကြေညာခြင်း

ကန့်ကွက်နိုင်ကြောင်း အများသိစေရန်ကြေညာခြင်း

၁။         ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်တိုးချဲ့ ရပ်ကွက်၊ မဟော်ဂနီလမ်း၊ အမှတ်(၂/၂/၂၃၂)တွင် ပါတီရုံးချုပ် တည်ရှိသော မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင် မှတ်ပုံတင်ခွင့်ပြုရန် ၂၈-၃-၂၀၂၃ ရက်နေ့တွင် လျှောက်ထားလာပါသည်။ ယင်းသို့ လျှောက်ထားရာတွင် ပါတီအမည်၊ အလံနှင့်တံဆိပ်တို့ကို ဖော်ပြပါအတိုင်း အသုံးပြုမည်ဖြစ်ကြောင်း တင်ပြလာပါသည်။

၂။         ယင်းအဖွဲ့အစည်းကအသုံးပြုမည့် ပါတီအမည်၊ အလံနှင့်တံဆိပ် တို့ကိုကန့်ကွက်လိုက ယခုကြေညာသည့်နေ့မှစ၍ (၇)ရက် အတွင်း ခိုင်လုံသောအထောက်အထားများဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်နိုင်ပါကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၁၄ (ဃ)အရ အများသိစေရန်ကြေညာအပ်ပါသည်။

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၏ အလံပုံစံ

 

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၏ တံဆိပ်ပုံစံ

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်