ကန့်ကွက်နိုင်ကြောင်း အများသိစေရန်ကြေညာခြင်း

ကန့်ကွက်နိုင်ကြောင်း အများသိစေရန်ကြေညာခြင်း

၁။         ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ အထကကျောင်းရှေ့၊ ပြည်တော် သာရပ်ကွက်၊ စာတိုက်လမ်း၊ အမှတ်(၂၀၂)တွင် ပါတီရုံးချုပ်တည်ရှိသော မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီ (MRO NATIONAL DEVELOPMENT PARTY)က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်မှတ်ပုံတင်ခွင့်ပြုရန် ၂၈-၃-၂၀၂၃ ရက်နေ့တွင် လျှောက်ထားလာပါသည်။ ယင်းသို့ လျှောက်ထားရာတွင် ပါတီအမည်၊ အလံနှင့်တံဆိပ်တို့ကို ဖော်ပြပါအတိုင်း အသုံးပြုမည် ဖြစ်ကြောင်း တင်ပြလာပါသည်။

၂။         ယင်းအဖွဲ့အစည်းကအသုံးပြုမည့် ပါတီအမည်၊ အလံနှင့်တံဆိပ် တို့ကိုကန့်ကွက်လိုက ယခုကြေညာသည့်နေ့မှစ၍ (၇)ရက် အတွင်း ခိုင်လုံသောအထောက်အထားများဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်နိုင်ပါကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်း ဥပဒေ ၁၄ (ဃ)အရ အများသိစေရန်ကြေညာအပ်ပါသည်။

မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ (MRO NATIONAL DEVELOPMENT PARTY) ၏ အလံပုံစံ

 

မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ (MRO NATIONAL DEVELOPMENT PARTY)၏ တံဆိပ်ပုံစံ

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်