တံတားဦးမြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်မူလတန်းအဆင့်သင် ဆရာ ဆရာမများ ဘာသာရပ်မွမ်းမံသင်တန်းဖွင့်လှစ်

တံတားဦး၊ ပညာရေး

တံတားဦးမြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်မူလတန်းအဆင့်သင် ဆရာ ဆရာမများ ဘာသာရပ်မွမ်းမံသင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင်တံတားဦးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်မူလတန်းအဆင့်သင် ဆရာ၊ ဆရာမများ ဘာသာရပ်မွမ်းမံသင်တန်းဖွင့်ပွဲကို မတ် ၂၈ ရက် နံနက်ပိုင်းတွင် တံတားဦးမြို့ အခြေခံပညာ အထက်တန်းကျောင်း အတွင်း၌ ကျင်းပကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် တံတားဦးခရိုင် ပညာရေးမှူး ဦးဟန်တင်က အမှာစကားပြောကြားပြီး တံတားဦးမြို့နယ်ပညာရေးမှူး ဒေါ်စန်းဥ က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များဖြစ်သည့် ဆရာ၊ ဆရာမများ သင်ကြားမှု အရည်အသွေးမြင့်မားလာစေရန်နှင့် အရည်အသွေး ပြည့်ဝသည့် ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်းလာနိုင်ရေး လေ့ကျင့်ပြုစုပျိုးထောင်ပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းဆရာ၊ ဆရာမများက စိတ်ပါဝင်စားစွာ ပါဝင်ဆွေးနွေးပေးရန် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းတွင် သင်တန်းနည်းပြဆရာ ၂၀ ဦး၊ သင်တန်းကြီးကြပ်ငါးဦး၊ မူလတန်းပြဆရာ၊ ဆရာမ ၅၈၉ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ မတ် ၂၈ရက်မှ ၃၁ ရက်အထိ KG မှ Grade-5 အထိ ဘာသာစုံသင်တန်းကို နေ့စဉ်နံနက်၉ နာရီမှ ညနေ ၄ နာရီ အထိ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)