ပဲခူးမြို့ လိပ်ပြာကန်သာယာလှပရေး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ၈၀ ရာခိုင်နှုန်းပြီးစီး

ပဲခူး၊ ဒေသဖွံ့ဖြိုးရေး

ပဲခူးမြို့ လိပ်ပြာကန်သာယာလှပရေး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ၈၀ ရာခိုင်နှုန်းပြီးစီး

ပဲခူးမြို့ သနပ်ပင်လမ်းမတန်း လိပ်ပြာကန်ရပ်ကွက်ရှိ လိပ်ပြာကန်(ခရစ်ယာန်ကျောင်းဘက်ခြမ်း) သာယာလှပရေး အဆင့်မြှင့်တင် ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ၈၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း ပဲခူးမြို့ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ပဲခူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ်၉၁ ဒသမ ၄၅ သန်းဖြင့် လိပ်ပြာကန် (ခရစ်ယာန်ကျောင်းဘက်ခြမ်း) အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းတို့ကို ထူးလင်းကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများတွင် လိပ်ပြာကန် (ခရစ်ယာန်ကျောင်းဘက်ခြမ်း) အလျား ၅၃၄ ပေ၊ အကျယ် ၁၄ ပေ အဆင့်မြှင့်တင်ခြင်း၊ စတီးလက်ရန်းများ၊ တပ်ဆင်ခြင်း၊ အလှထိုင်ခုံများ တပ်ဆင်ခြင်း၊ ပန်းအိုးများ၊ ပန်းအလှပင်များ စိုက်ပျိုးခြင်း၊ အလှမီးများ တပ်ဆင်ခြင်း၊ ကြမ်းခင်းအလှ ကျောက်တုံးများ ခင်းခြင်းနှင့် အလှဓာတ်ပုံရိုက်ရန်နေရာများ ပါဝင်ကြောင်း သိရသည်။

 (၄၁၀)