မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ (၇)နှစ်မြောက် နှစ်ပတ်လည်နေ့

နေပြည်တော်  မတ်   ၃၁

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ (၇)နှစ်မြောက် နှစ်ပတ်လည်နေ့

ညစာစားပွဲအခမ်းအနားကျင်းပမြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ (၇)နှစ်မြောက် နှစ်ပတ်လည်နေ့ ညစာစားပွဲအခမ်းအနားကို   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၃)ရှိ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ရုံးဥပစာ၌  ယနေ့ညနေ ၆ နာရီ တွင် ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်ချီးမြှင့်သည်။

နှစ်ပတ်လည် ညစာစားပွဲအခမ်းအနားကို ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုအမှာစကားပြောကြားပြီး မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေး မှူးချုပ်နှင့် တာဝန်ရှိသူများက ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဝန်ထမ်းမိသားစု များက တေးသံသာများနှင့် သီဆိုကပြဖျော်ဖြေသည်။

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ကို ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်မှစတင်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအောက် တွင် ဦးစီးဌာနတစ်ခုအဖြစ် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်တွင် (၇) နှစ် ပြည့်မြောက်မည် ဖြစ်သည်။ မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့သည် နိုင်ငံတော်၏ ပို့ကုန်မြှင့်တင်ရေး ရည်မှန်းချက်များကို ဝန်ကြီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)