လူမှုကွန်ရက်စာမျက်နှာများတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် အမေရိကန်ဒေါ်လာဈေးနှုန်းတိုးမြှင့်သတ်မှတ်ခြင်းနှင့် အချို့သော နိုင်ငံခြားဘဏ်များတွင် မြန်မာနိုင်ငံက ငွေကြေးအဝင်/အထွက်များကို လက်မခံဟူသော ကောလာဟလ သတင်းနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကေ

လူမှုကွန်ရက်စာမျက်နှာများတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် အမေရိကန်ဒေါ်လာဈေးနှုန်းတိုးမြှင့်သတ်မှတ်ခြင်းနှင့် အချို့သော နိုင်ငံခြားဘဏ်များတွင် မြန်မာနိုင်ငံက ငွေကြေးအဝင်/အထွက်များကို လက်မခံဟူသော ကောလာဟလ သတင်းနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ဖြေကြားချက်

တချို့သောမီဒီယာများက ကျွန်တော့်ကိုဒီမေးခွန်းတွေ မေးနေတာရှိပါတယ်။ ပထမဦးဆုံးမေးခွန်းဖြစ်တဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် က ဒေါ်လာဈေးနှုန်းနဲ့ ပတ်သက်ပြီး တစ်ဒေါ်လာကို  ၂၁၀၀ ဈေးနှုန်းသတ်မှတ်ထားပါတယ်။ တစ်ဒေါ်လာကို ၂၁၀၀ သတ်မှတ် ထားခြင်း ဈေးနှုန်းနဲ့ပတ်သက်ပြီး ပြင်ဆင်ပြောင်းလဲဖို့ အစီအစဉ်မရှိသေးကြောင်း ပြောလိုပါတယ်။ ပြင်ဆင်ပြောင်းလဲဖို့ အစီအစဉ် မရှိသေးပါဘူး။ တချို့သောနိုင်ငံခြားဘဏ်တွေနဲ့ ပတ်သက်ပြီး ယခင်အပတ်လောက်ကတိုင် ကောလာဟလထွက်နေပါတယ်။ တချို့သော နိုင်ငံခြားဘဏ်တွေက မြန်မာနိုင်ငံက ငွေအဝင်/အထွက်တွေ လက်မခံတော့ဘူးဆိုပြီး ပြောနေတာရှိပါတယ်။ လက်တွေ့မှာ ပုံမှန်လည်ပတ်ဆောင်ရွက် နေလျက်ရှိပါတယ်။ ပုံမှန်လည်ပတ်ဆောင်ရွက်လျက်ရှိတယ်ဆိုတာ ကျွန်တော်ပြော လိုပါတယ်။ မြန်မာနိုင်ငံရဲ့ ငွေကြေးစနစ်နဲ့ပတ်သက်ပြီး ဦးတည်ပြီး တိုက်ခိုက်နေတာတွေများပါတယ်။ ယခင်တုန်းကလည်း ဘဏ်လုပ်ငန်းစနစ်တွေနဲ့ တိုက်ခိုက်နေတာရှိတယ်။ ငွေရေးကြေးရေးစနစ်အနေနဲ့လည်း တိုက်ခိုက်နေတာတွေရှိတယ်။ ဒါနဲ့ ပတ်သက်ပြီး ပြည်သူလူထုအနေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ဒီလိုကောလာဟလတွေကို မယုံကြဖို့။ ဗဟိုဘဏ် ငွေရေးကြေးရေးဆိုင်ရာ အဖွဲ့အစည်းကို တိုက်ရိုက်ဆက်သွယ်ပြီး မေးမြန်းနိုင်ပါတယ်လို့ ကျွန်တော့်အနေနဲ့ ပြောလိုပါတယ်။