မအူပင်မြို့နယ်ရှိ ကျေးရွာများ၌ ယခုဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ခဲ့သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လွှဲပြောင်းပေးအပ်

မအူပင်မြို့နယ်ရှိ ကျေးရွာများ၌ ယခုဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ခဲ့သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လွှဲပြောင်းပေးအပ်

မအူပင်၊ ဒေသဖွံ့ဖြိုးရေး

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စု ခွင့်ပြုငွေဖြင့် ဆောင်ရွက်ခဲ့သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို သက်ဆိုင်ရာကျေးရွာများသို့ လွှဲပြောင်းပေး အပ်ပွဲကို မတ် ၃၁ ရက် တွင် အဆိုပါဦးစီး ဌာနရုံး၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ မအူပင်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်စိုးစိုးမြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးမြတ်အောင်သာက စီမံကိန်းလုပ်ငန်းများ လွှဲပြောင်းအပ်နှံရခြင်း၏ ရည်ရွယ်ချက်များနှင့် လုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းပြော ကြားသည်။

ထို့နောက်  တက်ရောက်လာကြသော တာဝန်ရှိသူများက ကျေးလက်ရေရရှိရေး လုပ်ငန်းများနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စီမံကိန်း (VDP) လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့်  ကျေးရွာ  ၁၉  ရွာမှ  ကော်မတီဝင်များထံ လုပ်ငန်း လွှဲပြောင်း မှတ်တမ်းလွှာများ အသီး သီးပေးအပ်သည်။

အဆိုပါ ကျေးရွာ ၁၉ ရွာ၌ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများဖြစ်သည့် ကျေးလက်ရေ ရရှိရေးလုပ်ငန်းငါးခု၊ ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ကွန် ကရစ်လမ်းခင်းခြင်းလုပ်ငန်း ၁၁ ခု၊ ကွန် ကရစ်ဘီးလမ်းသုံးခု စုစုပေါင်းလုပ်ငန်း ၁၉ ခုကို ခွင့်ပြုငွေ ငွေကျပ် ၃၁၀ ဒသမ ၈၂ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်သော ကြောင့် သက်ဆိုင်ရာကျေးရွာကော်မတီဝင် များထံ လုပ်ငန်းနှင့်ပတ်သက်သည့် စာရွက် စာတမ်းများကို လွှဲပြောင်းပေးအပ်ခြင်းဖြစ် ကြောင်း သိရသည်။             

မောင်ခိုင်