မတ်လအတွက် အီတလီစီးရီးအေပြိုင်ပွဲ တစ်လတာ အကောင်းဆုံးကစားသမားဆုကို နာပိုလီအသင်းတိုက်စစ်ကစားသမား ခါဗီချာရရှိ

မတ်လအတွက် အီတလီစီးရီးအေပြိုင်ပွဲ တစ်လတာ အကောင်းဆုံးကစားသမားဆုကို နာပိုလီအသင်းတိုက်စစ်ကစားသမား ခါဗီချာရရှိ

ရောမ၊ ဘောလုံး

မတ်လအတွက် အီတလီစီးရီးအေပြိုင်ပွဲ တစ်လတာ အကောင်းဆုံးကစားသမားဆုကို နာပိုလီအသင်းနှင့် ခြေစွမ်းပြလျက်ရှိသည့်    တိုက်စစ်ကစားသမား ခါဗီချာ ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

အသက် ၂၂ နှစ်အရွယ် ခါဗီချာသည် ယခုဘောလုံးရာသီတွင် ဘာတူမီအသင်းမှ နာပိုလီအသင်းသို့ ပြောင်းရွှေ့ကစားပြီးနောက်   အသင်းနှင့်အတူ ထိပ်တန်းအဆင့်ရှိ ခြေစွမ်းပြနေသူဖြစ်သည်။

ခါဗီချာသည် မတ်လအတွင်း ကစားသည့်ပွဲစဉ်များတွင် အကောင်းဆုံးခြေစွမ်းပြသနိုင်သောကြောင့် အသင်းဖော်တိုက်စစ် ကစားသမား အိုဆီမန်ကိုကျော်ဖြတ်ပြီး မတ်လအတွက် အီတလီစီးရီးအေပြိုင်ပွဲ တစ်လတာအကောင်းဆုံး ကစားသမားဆုကို   ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။

ခါဗီချာသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွက် အီတလီစီးရီးအေပြိုင်ပွဲ တစ်လတာအကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိသကဲ့သို့ ယခုအခါတွင်လည်း မတ်လအတွက်ပါရရှိခဲ့သည့်အတွက် တစ်လတာ အကောင်းဆုံးကစားသမားဆုကို နှစ်လဆက်တိုက် ဆွတ်ခူးနိုင်သည့် ပထမဆုံးနာပိုလီအသင်း ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ခါဗီချာသည် ယခုဘောလုံးရာသီတွင် နာပိုလီ အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြလျက်ရှိပြီးစီးရီးအေ ၂၃ ပွဲကစားရာ ၁၂ ဂိုးသွင်း ယူနိုင်သကဲ့သို့  ဂိုးဖန်တီးမှု ၁၀ ကြိမ်ပြုလုပ်ထားကြောင်း သိရသည်။

Ref;B/R Football