ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ လုပ်ခလစာအများဆုံး ကစားသမားစာရင်းတွင် မန်စီးတီးအသင်း ကွင်းလယ်ကစားသမားဒီဘရိုင်း ထိပ်ဆုံး၌ ရပ်တည်

ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ လုပ်ခလစာအများဆုံး ကစားသမားစာရင်းတွင် မန်စီးတီးအသင်း ကွင်းလယ်ကစားသမားဒီဘရိုင်း ထိပ်ဆုံး၌ ရပ်တည်

လန်ဒန်၊ ဘောလုံး

ပြင်သစ်နိုင်ငံအခြေစိုက် ထိပ်တန်းသတင်းစာဖြစ်သည့် L'Equipe က ယခုဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှ လုပ်ခလစာ အများဆုံး ကစားသမားစာရင်းကို ထုတ်ပြန်ရာတွင် မန်စီးတီးအသင်း ကွင်းလယ်ကစားသမားဒီဘရိုင်းက လုပ်ခလစာအများဆုံး ကစားသမားအဖြစ်  ရပ်တည်နေကြောင်း သိရသည်။

ယခုဘောလုံးရာသီတွင် ဒီဘရိုင်းသည် တစ်ပတ်လုပ်ခလစာစတာလင်ပေါင် ၄၂၅၀၀၀ အထိရရှိကာ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ လုပ်ခ လစာအများဆုံးကစား သမားအဖြစ်ရပ်တည်နေပြီး ဒီဘရိုင်း၏နောက်တွင် အသင်းဖော်တိုက်စစ်မှူးဟာလန်းက ဒုတိယနေရာ၌ ရပ်တည်နေသည်။

ပြီးခဲ့သည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလက  ဒေါ့မွန်အသင်းမှ မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သည့် ဟာလန်း သည် လက်ရှိမန်စီး တီးအသင်း၌  တစ်ပတ်လုပ်ခလစာ စတာလင်ပေါင် ၄၀၂၂၅၀ အထိရရှိနေပြီး ဒုတိယလုပ်ခလစာ အများဆုံး ကစားသမားအဖြစ် ရပ်တည်နေသည်။

ဟာလန်းနှင့်အတူ ဒုတိယနေရာ၌ မန်ယူအသင်းဂိုးသမားဒီဂီယာက   ပူးတွဲရပ်တည်နေပြီး    ဂိုးသမား ဒီဂီယာသည် မန်ယူအသင်းတွင် တစ်ပတ်လုပ်ခ လစာ စတာလင်ပေါင် ၄၀၂၂၅၀ ရရှိနေသည်။

ဒီဂီယာသည် ယခုဘောလုံးရာသီအကုန်တွင် မန်ယူအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည့်အတွက် သက်တမ်းတိုး စာချုပ် ချုပ်ဆိုလိုနေသော်လည်း မန်ယူအသင်းက လုပ်ခလစာလျှော့ချမှသာ ချုပ်ဆိုမည်ဖြစ်သောကြောင့် မအောင်မြင်ဘဲ ကြန့်ကြာ နေခြင်းဖြစ်သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲ တတိယမြောက်လုပ်ခလစာ အများဆုံးကစားသမားအဖြစ် လီဗာပူးအသင်း တိုက်စစ်ကစားသမား  ဆာလက်ချ် က တစ်ပတ်လုပ်ခလစာ စတာလင်ပေါင် ၃၇၃၇၅၀ ဖြင့် ရပ်တည်နေပြီး မန်ယူအသင်း တောင်ပံကစားသမားဆန်ချိုကလည်း စတာလင်ပေါင်  ၃၇၃၇၅၀ ဖြင့် တတိယနေရာ၌ ပူးတွဲရပ်တည်နေကြောင်း သိရသည်။

Ref;L'Equipe