ဘောလုံးလောကတွင် လုပ်ခလစာအများဆုံးနည်းပြအဖြစ် ဂွါဒီယိုလာကိုကျော်ဖြတ်ပြီး ဆီမြွန်နီက ထိပ်ဆုံး၌ရပ်တည်

ဘောလုံးလောကတွင် လုပ်ခလစာအများဆုံးနည်းပြအဖြစ် ဂွါဒီယိုလာကိုကျော်ဖြတ်ပြီး ဆီမြွန်နီက ထိပ်ဆုံး၌ရပ်တည်

လက်ရှိဘောလုံးလောကတွင် လုပ်ခလစာအများ ဆုံးနည်းပြများစာရင်း၌   မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာကိုကျော်ဖြတ်ပြီး အက်သလက်တီကိုအသင်း နည်းပြဆီမြွန်နီက ထိပ်ဆုံး၌ ရပ်တည်လျက်ရှိကြောင်း သိရသည်။

နည်းပြဆီမြွန်နီသည် အက်သလက်တီကိုအသင်း၌ တစ်နှစ်လုပ်ခ စတာလင်ပေါင် ၂၉ ဒသမ ၈ သန်းအထိရရှိပြီး လုပ်ခလစာ အများဆုံးနည်းပြများ စာရင်းတွင် ထိပ်တန်းနည်းပြများကိုကျော်ဖြတ်ကာ ထိပ်ဆုံး၌ ရပ်တည်နေပြီး ဒုတိယနေရာ၌ မန်စီးတီးအသင်းနည်းပြဂွါဒီယိုလာက စတာလင်ပေါင် ၁၉ ဒသမ ၇ သန်းဖြင့် ရပ်တည်လျက်ရှိသည်။

ထို့နောက်  အဆင့်(၃)နေရာ၌  လီဗာပူးအသင်းနည်းပြကလော့က စတာလင်ပေါင် ၁၅ ဒသမ ၇ သန်းဖြင့် ရပ်တည်နေပြီး အဆင့်(၄)နေရာ၌ ထိပ်တန်းနည်းပြများကိုကျော်ဖြတ်ကာ ချယ်လ်ဆီးအသင်းနှင့်အတူ ရုန်းကန်နေရသည့် နည်းပြဂရေဟမ်ပေါ်တာက စတာလင်ပေါင် ၁၂ သန်းဖြင့် ရပ်တည်နေသည်။

အဆင့်(၅)နေရာ၌ ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်ဂလီနီက စတာလင်ပေါင် ၁၁ ဒသမ ၃ သန်းဖြင့်လည်းကောင်း၊     ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဘိုင်ယန်မြူးနစ်အသင်း နည်းပြသစ်အဖြစ် ခန့်အပ်ခံခဲ့ရသည့် နည်းပြသောမက်တူချယ်လ်က စတာလင်ပေါင် ၁၀ ဒသမ ၅ သန်းဖြင့် အဆင့်(၆)နေရာ၌လည်းကောင်း၊   ရီးယဲလ်မက်ဒရစ်အသင်း   ဝါရင့်နည်းပြအန်ဆယ်လော့တီက စတာလင်ပေါင် ၉ ဒသမ ၆ သန်းဖြင့် အဆင့်(၇)နေရာ၌လည်းကောင်း၊ အင်တာမီလန်အသင်း နည်းပြအင်ဇာဂီက စတာလင်ပေါင်

၈ ဒသမ ၈ သန်းဖြင့်     အဆင့်(၈)နေရာ၌လည်းကောင်း၊ ရိုးမားအသင်း နည်းပြမော်ရင်ဟိုက စတာလင်ပေါင် ၈ ဒသမ ၁ သန်းဖြင့် အဆင့်(၉)နေရာ၌လည်းကောင်း၊ လေဗာကူဆင်အသင်း နည်းပြအလွန်ဆိုက စတာလင်ပေါင် ၄ ဒသမ ၄ သန်းဖြင့် အဆင့်(၁၀)နေရာ၌လည်းကောင်း   အသီးသီး ရပ်တည်နေကြောင်း သိရသည်။               

Ref;L'Equipe