ဥရောပဘောလုံးအဖွဲ့ချုပ်၏ ကလပ်အဆင့်သတ်မှတ်ချက်တွင် ပရီးမီးယားလိဂ်ကလပ် အသင်းများကို ကျော်ဖြတ်ပြီး ဘိုင်ယန်မြူးနစ်အသင်း ထိပ်ဆုံး၌ ရပ်တည်လျက်ရှိ

ဥရောပဘောလုံးအဖွဲ့ချုပ်၏ ကလပ်အဆင့်သတ်မှတ်ချက်တွင် ပရီးမီးယားလိဂ်ကလပ် အသင်းများကို ကျော်ဖြတ်ပြီး ဘိုင်ယန်မြူးနစ်အသင်း ထိပ်ဆုံး၌ ရပ်တည်လျက်ရှိ

ဥရောပဘောလုံးအဖွဲ့ချုပ်၏ ကလပ်အဆင့်သတ်မှတ်ချက်များတွင်  ပရီးမီးယားလိဂ်ထိပ်တန်း ကလပ် အသင်းများနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့ကို ကျော်ဖြတ်ပြီး  ဘိုင်ယန်မြူးနစ်အသင်းက  ထိပ်ဆုံး၌  ရပ်တည်လျက်ရှိကြောင်း သိရသည်။

ဘိုင်ယန်မြူးနစ်အသင်းသည် ပြည်တွင်းလိဂ်ဖြစ်သည့် ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲတွင် နောက်ဆုံး ၁၀ နှစ်ဆက် ချန်ပီယံဆုဆွတ်ခူးထားနိုင်သကဲ့သို့ ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း ၂၀၁၉-၂၀၂၀ ဘောလုံးရာသီက  ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည့်အတွက်  ဥရောပ အဆင့်(၁)နေရာ၌ ရပ်တည်နိုင်ခဲ့သည်။

ဥရောပဘောလုံးအဖွဲ့ချုပ်၏ အဆင့်သတ်မှတ်ချက်အရ မန်စီးတီးအသင်းက အဆင့်(၁)နေရာမှ အဆင့်(၂)နေရာသို့ပြန်လည်ကျဆင်းခဲ့ရပြီး အဆင့်(၃)နေရာ၌ ချယ်လ်ဆီးအသင်းကလည်းကောင်း၊ အဆင့်(၄)နေရာ၌ လီဗာပူးအသင်းကလည်းကောင်း၊ အဆင့်(၅)နေရာ၌   စပိန်ထိပ်သီး   ရီးယဲလ်မက်ဒရစ် အသင်းက လည်းကောင်း၊  အဆင့်(၆)နေရာ၌  ပြင်သစ်ထိပ်သီး ပီအက်စ်ဂျီအသင်းက လည်းကောင်း၊ အဆင့်(၇)နေရာ၌ မန်ယူအသင်းကလည်းကောင်း၊ အဆင့်(၈)နေရာ၌ ဘာစီလိုနာအသင်းကလည်းကောင်း၊ အဆင့်(၉)နေရာ၌  စီးရီးအေထိပ်သီး  ဂျူဗင်တပ်စ်အသင်းကလည်းကောင်း၊ အဆင့်(၁၀)နေရာ၌ ရိုးမားအသင်းကလည်းကောင်း အသီးသီး ရပ်တည်ခဲ့ကြကြောင်း သိရသည်။      

Ref;One Football