၂၀၂၄ ပါရီအိုလံပစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ ပထမအဆင့်တွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် အီရန်လက်ရွေးစင် အမျိုးသမီးအသင်း အိမ်ကွင်းအဝေးကွင်း ပွဲစဉ်များကို ရန်ကုန်မြို့၌သာ ယှဉ်ပြိုင် ကစားရမည်

၂၀၂၄ ပါရီအိုလံပစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ ပထမအဆင့်တွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် အီရန်လက်ရွေးစင် အမျိုးသမီးအသင်း အိမ်ကွင်းအဝေးကွင်း ပွဲစဉ်များကို ရန်ကုန်မြို့၌သာ ယှဉ်ပြိုင် ကစားရမည်

    ၂၀၂၄  ပါရီအိုလံပစ်   အမျိုးသမီး ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ ပထမအဆင့်တွင် မြန်မာ့လက်ရွေးစင် အသင်းနှင့် အီရန်လက်ရွေးစင် အသင်းနှစ်သင်းသာ  ရန်ကုန်မြို့၌ ယှဉ်ပြိုင်ကစား ရမည်ဖြစ်ကြောင်း သိရသည်။

အစောပိုင်းက မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အီရန်အမျိုးသမီး အသင်း၊ ဘင်္ဂလားဒေ့ရှ် အမျိုးသမီးအသင်း၊ မော်လ်ဒိုက်အမျိုးသမီး အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ် အမျိုးသမီးအသင်းနှင့်   မော်လ်ဒိုက် အမျိုးသမီးအသင်းတို့က ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ကြသည့်အတွက်  မြန်မာအမျိုးသမီးအသင်းနှင့်    အီရန်အမျိုးသမီး အသင်း   နှစ်သင်းသာ ကျန်ရှိမည်ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်အမျိုးသမီး အသင်းနှင့် မော်လ်ဒိုက်အမျိုးသမီး အသင်းတို့ ပြိုင်ပွဲမှ နုတ်ထွက်ခဲ့သည့်အတွက် အာရှဘောလုံး အဖွဲ့ချုပ်က  ပွဲစဉ်ဇယား ရေးဆွဲမှုကို  ပြန်လည်ပြင်ဆင်ပြီး  ပွဲစဉ်ဇယားသစ် ရေးဆွဲမှုများအရ    မြန်မာအမျိုးသမီး အသင်းနှင့် အီရန်အမျိုးသမီးအသင်းတို့   အိမ်ကွင်း၊ အဝေးကွင်းနှစ်ပွဲသာ ကစားမည်ဖြစ်သော်လည်း နှစ်ပွဲစလုံးကို  ရန်ကုန်မြို့ရှိ သုဝဏ္ဏ အားကစားကွင်း၌သာ ကစားမည်ဖြစ်သည်။

ခြေစစ်ပွဲပထမအဆင့်တွင် ပထမအကျော့ ပွဲစဉ်ကို ဧပြီ ၅ ရက်၊ ဒုတိယအကျော့ပွဲစဉ်ကို ဧပြီ ၈ ရက်တွင် ယှဉ်ပြိုင် ကစားရမည်ဖြစ်ကာ ရမှတ်အများဆုံး အသင်းက ဒုတိယအဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်ပြီး ရမှတ်တူညီနေပါက ဒုတိယအကျော့ပွဲစဉ်အဖြစ် ကစားသည့်ပွဲစဉ်တွင် သရေရလဒ်ရရှိပါက အချိန်ပိုမိနစ် ၃၀ နှင့် အချိန်ပိုမိနစ် ၃၀ တွင် ရလဒ်မပေါ်ပါက ပယ်နယ်တီ အဆုံးအဖြတ်    ရယူမည်ဖြစ်ကြောင်း သိရသည်။