မန်ယူအသင်းက ရာသီကြိုခြေစမ်းပွဲ ခရီးစဉ်အဖြစ် အမေရိကန်တွင် ဒေါ့မွန်အသင်းနှင့် ခြေစမ်းပွဲကစားမည်

မန်ယူအသင်းက ရာသီကြိုခြေစမ်းပွဲ ခရီးစဉ်အဖြစ် အမေရိကန်တွင် ဒေါ့မွန်အသင်းနှင့် ခြေစမ်းပွဲကစားမည်

    မန်ယူအသင်းက  ၂၀၂၃-၂၀၂၄  ဘောလုံးရာသီ မစတင်မီ  ရာသီကြိုခြေစမ်းပွဲ ခရီးစဉ်အဖြစ်  အမေ ရိကန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး အဆိုပါခရီးစဉ် အတွင်း ဂျာမန်ထိပ်သီး ဒေါ့မွန်အသင်းနှင့် ဇူလိုင် ၃၀ ရက်တွင် ခြေစမ်းပွဲ ကစားမည်ဖြစ်ကြောင်း  အတည်ပြုကြေညာခဲ့သည်။

မန်ယူအသင်းက   ရာသီသစ်မတိုင်မီ  ဈေးကွက်ချဲ့ထွင်သည့် အနေဖြင့်   ရာသီကြိုခြေစမ်း ခရီးစဉ်ကို ၎င်းတို့အသင်းပရိသတ် အများစုရှိသည် အမေရိကန်နိုင်ငံသို့ သွားရောက်လေ့ရှိပြီး လာမည့်ခရီးစဉ်ကိုလည်း  အမေရိကန် နိုင်ငံသို့သာ သွားရောက်မည်ဖြစ်သည်။

မန်ယူအသင်းသည် ရာသီကြိုလေ့ကျင့်ရေး ခရီးစဉ်အတွင်း အမေရိကန်နိုင်ငံသို့ ဇူလိုင်လတွင် သွားရောက်မည်ဖြစ်ပြီး လေ့ကျင့်ရေးခရီးစဉ်  ပထမဆုံးခြေစမ်းပွဲစဉ်အဖြစ် အင်္ဂလန်နေရှင်နယ်လိဂ်ကလပ်အသင်း တစ်သင်းဖြစ်သည့် ဝရက်ဇ်ဟမ်းအသင်းနှင့်  ဇူလိုင် ၂၅ ရက်တွင်  ဆန်တီယေဂိုမြို့ရှိ  စနက်ဒရာဂွန်အား ကစားကွင်း၌ ကစားမည်ဖြစ်သည်။

ဆက်လက်ပြီး ခြေစမ်းပွဲခရီးစဉ် ဒုတိယမြောက် ခြေစမ်းပွဲစဉ်အဖြစ် ဒေါ့မွန်အသင်းနှင့် ဇူလိုင် ၃၀ ရက်တွင် လတ်ဗီးဂက်စ်မြို့ရှိ အယ်လီဂျန့်အားကစားကွင်း ၌ ကစားမည်ဖြစ်သည်။

မန်ယူအသင်းသည် အမေရိကန် ရာသီကြိုခြေစမ်း ပွဲခရီးစဉ်အတွင်း   နောက်ထပ်ကစားမည့် ပွဲစဉ်များ အတွက်လည်း   ချိတ်ဆက်မှုများ ဆက်လက်ပြုလုပ်လျက် ရှိကြောင်း သိရသည်။