စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ် အမှတ်စဉ်(၁၀၆)

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

အမှတ်စဉ်(၁၀၆)

ဒီလိုတွက်ရာမှာ ရလာမယ့် နှစ်အလိုက်ဓာတ်အားထုတ်လုပ်မှု လိုအပ်ချက်နဲ့ တိုးတက်မှုနှုန်းတွေဟာ အောက်ပါအတိုင်း ဖြစ်လာပါလိမ့်မယ်။

 

နှစ်အလိုက်ဓာတ်အားထုတ်လုပ်မှုလိုအပ်ချက်

(မှတ်ချက် - ၂၀၁၇-၂၀၁၈ ခုနှစ် အမှန်ဓာတ်အားထုတ်လုပ်ခဲ့မှု

၁၉၉၀၀ ကီလိုဝပ်နာရီသန်း (၁၉.၉ TWh) ရှိနေခဲ့သည့်အပေါ် အခြေခံတွက်ချက်ပါသည်။)

ဒီလိုအပ်ချက်အပေါ်အခြေခံပြီး   ဘယ်လိုအရင်းအမြစ်တွေသုံးပြီး ဓာတ်အားခဈေးနှုန်းသက်သာအောင်၊ ဓာတ်အားအရည်အသွေး ကောင်းအောင်၊ ဓာတ်အားလုံခြုံမှုရှိအောင်၊ သဘာဝနဲ့လူမှုဝန်းကျင်သက်ရောက်မှု နည်းအောင်၊ ဓာတ်အားလည်း မြန်မြန်ရအောင် ဘာတွေလုပ်မလဲဆိုတာ နောက်အခန်းမှာ ဖော်ပြပါမယ်။

အခန်း ( ၂၇ )

ဓာတ်အားခဈေးနှုန်းသက်သာမည့် နည်းလမ်းရှာကြံခြင်း

လက်ရှိရေအားလျှပ်စစ်အခြေအနေ

လက်ရှိနိုင်ငံတော်မှာ (၂၀၁၈ ခုနှစ်၊ မတ်လကုန်ထိ) ရေအားလျှပ်စစ်စက်ရုံပေါင်း ၂၇ ရုံရှိပါတယ်။ အသေးစိတ်ကို အောက်ပါဇယားမှာ ဖော်ပြထားပါတယ်။

မြန်မာ့လက်ရှိရေအားလျှပ်စစ်စက်ရုံများ (၂၀၁၈ ခုနှစ်၊ မတ်လ)ပိုင်ဆိုင်မှု  အရေအတွက်  တပ်ဆင်အင်အား  ဒီဇိုင်းအရ နှစ်စဉ်

                           (မဂ္ဂါဝပ်)       ထုတ်လုပ်နိုင်မှု(TWh)

နိုင်ငံပိုင်        ၂၂      ၂၁၁၀                    ၉.၂၁၂

ပုဂ္ဂလိကပိုင်  ၂        ၁၇၂            ဝ.၉၈၃

ဖက်စပ်ပိုင်    ၃        ၉၃၉                    ၅.၆၈၆

စုစုပေါင်း      ၂၇     ၃၂၂၁           ၁၅.၈၈၁

ဖော်ပြပါ ရေအားလျှပ်စစ်စက်ရုံအားလုံးပေါင်းရဲ့ ပမာဏတွေဟာ တရုတ်နိုင်ငံက မဲခေါင်မြစ်ပေါ်က ၄၂၀၀ မဂ္ဂါဝပ်ရှိတဲ့ ရှဝမ်း (Xiaowan) စက်ရုံတစ်ရုံစာထက်တောင် နည်းနေပါသေးတယ်။  နိုင်ငံရဲ့ရေအားလျှပ်စစ် အရင်းအမြစ်ပိုင်ဆိုင်မှုဟာ အရှေ့တောင်အာရှမှာ အကြွယ်ဝဆုံးဖြစ်ပါလျက် ဒီမဂ္ဂါဝပ်သာ ရှိသေးတယ်ဆိုတာ သိထားရမှာပါ။

ဆောင်ရွက်ဆဲရေအားလျှပ်စစ်များ

လက်ရှိနိုင်ငံတော်ပိုင်   ရန်ပုံငွေနဲ့ဆောင်ရွက်ဆဲ   ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း ၅ ခုရှိပါတယ်။ အဲဒီစက်ရုံတွေရဲ့ အခြေအနေနဲ့ ပြီးစီးနိုင်မယ့်ကာလတွေကို လေ့လာပါမယ်။

ဆောင်ရွက်ဆဲနိုင်ငံပိုင် ရေအားလျှပ်စစ်စီမံကိန်းများနှင့် ပြီးစီးမည့်ကာလ

ဖော်ပြခဲ့တဲ့ စီမံကိန်းများဟာ နှစ်စဉ်ခွင့်ပြုရန်ပုံငွေ ထက်ဝက်ခန့်သာ ရရှိနေပါတယ်။ ပြီးသင့်ပြီး ထိုက်တဲ့ကာလ ကျော်လွန်နေပြီဖြစ်တဲ့ စီမံကိန်းများဖြစ်ပါတယ်။ အကယ်၍သာ ရန်ပုံငွေ လိုအပ်ချက် ဖြည့်ဆည်းနိုင်မယ်၊ ဖိဖိစီးစီးပံ့ပိုးမယ်၊ဆုံးဖြတ်ချက် ပြတ်ပြတ်သားသားနဲ့ အကောင်အထည်ဖော်မယ် ဆိုရင်တော့ နောက်အကျဆုံး စီမံကိန်းပင်လျှင် ၆ နှစ်အတွင်း အားလုံးပြီးစီးမှာ သေချာပါတယ်။

အလားအလာရှိတဲ့ ရေအားလျှပ်စစ်စီမံကိန်းသစ်များ

နိုင်ငံမှာ စီးပွားဖြစ် အမှန်တကယ်အကောင်အထည်ဖော်နိုင်မယ့် တပ်ဆင်အင်အားဟာ မဂ္ဂါဝပ် ၄၆၀၀၀ ခန့်ရှိကြောင်း ရှေ့မှာဖော်ပြခဲ့ပြီးပါပြီ။ ဒီမဂ္ဂါဝပ်ဟာ စုစုပေါင်းဖြစ်နိုင်ခြေမဂ္ဂါဝပ် ၁၀၀၀၀၀ ကျော်ရဲ့ ၄၆ ရာခိုင်နှုန်းသာဖြစ်ပါတယ်။   ဒီလောက်ဆောင်ရွက်နိုင်ရင်တောင် နိုင်ငံဟာ အရှေ့တောင်အာရှမှာ ဓာတ်အားခဈေးအသက်သာဆုံးနဲ့ ဓာတ်အားဖြန့်ဖြူးမှုအမြင့်ဆုံးနိုင်ငံဖြစ်လာမှာဖြစ်လို့ နိုင်ငံစီးပွားရေးပါ အထောက်အကူဖြစ်မှာ သေချာပါတယ်။ ဒီ ၄၆၀၀၀ မဂ္ဂါဝပ်ထဲမှာလည်း ဦးစားပေးသင့်တာ၊ နောက်ချန် ဆောင်ရွက်သင့်တာ စတဲ့စီမံကိန်းကို နှစ်အလိုက် ဦးစားပေးခွဲလို့ရပါသေးတယ်။ အများစုဟာ တိုင်းရင်းသား

ဒေသတွေမှာ ရှိနေတာတွေ ဖြစ်နေပါတယ်။ဒီလိုရှိနေလို့ တိုင်းရင်းသားတွေရဲ့ အကျိုးစီးပွားကိုလည်း ထည့်သွင်းစဉ်းစားပေးရမှာတွေရှိနိုင်ပါတယ်။ ပြည်ထောင်စုအကျိုး၊ ဒေသအကျိုး နှစ်ဖက်ကြည့်ပြီး အမြန်ဆုံး

စတင်သင့်တာတွေရှိနေပါတယ်။ ဒီလိုစတင်ရာမှာ လူမှုဝန်းကျင်၊ သဘာဝ၀န်းကျင်သက်ရောက်မှု   အနည်းဆုံးဖြစ်စေမယ့်   စီမံကိန်းတွေကို ဦးစားပေးဆောင်ရွက်မယ်ဆိုရင် သေချာပေါက်အောင်မြင် ပါလိမ့်မယ်လို့ ပြောရဲပါတယ်။                        

  ဆက်လက်ဖော်ပြပါမည်။