လီဗာပူးအသင်းက လာမည့် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် မာနေးကို ပြန်လည်ခေါ်ယူရန် ပြင်ဆင်နေ

လီဗာပူးအသင်းက လာမည့် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် မာနေးကို ပြန်လည်ခေါ်ယူရန် ပြင်ဆင်နေ

လီဗာပူးအသင်းကလာမည့် နွေရာသီကစားသမား အပြောင်းအရွှေ့ ကာလတွင်  အသင်းကစားသမားဟောင်း တစ်ဦးဖြစ်သည့် မာနေးကို ပြန်လည်ခေါ်ယူရန် ပြင်ဆင်နေကြောင်း သိရသည်။

လီဗာပူးအသင်းသည် ပြီးခဲ့သည့် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလက မာနေးကို ဘိုင်ယန် မြူးနစ်အသင်းထံ ရောင်းချခဲ့ပြီးနောက်  ဘင်ဖီကာအသင်းမှ  ဒါဝင်နူနက်စ်နှင့်   ပီအက်စ်ဗွီအသင်းမှ  ဂက်စ်ပိုတို့ကို အသင်း၌ အင်အားဖြည့်တင်းထားသော်လည်း ခေါ်ယူထားသော ကစားသမားများအနေဖြင့် ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရသည့်အတွက် ယခင်က အသင်းနှင့်    အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့သော မာနေးကို ပြန်လည်ခေါ်ယူလိုခြင်းဖြစ်သည်။

အလားတူ မာနေးသည်လည်း ဘိုင်ယန်မြူးနစ် အသင်းတွင် လီဗာပူးအသင်း၌ ကစားစဉ်ကလောက် ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ   ရုန်းကန်နေရသည့် အတွက်  လီဗာပူးအသင်းက   ပြန်လည်ခေါ်ယူမည်ဆိုပါက ပြန်လည် ပြောင်းရွှေ့ဖွယ်ရှိနေသည်။

လီဗာပူးအသင်းသည်  မာနေးကို ရောင်းချခဲ့ပြီးနောက်  ဒါဝင်နူနက်စ်၊ ဂက်စ်ပိုတို့နှင့် အစားထိုးခဲ့သော်လည်း မာနေးကဲ့သို့ ခြေစွမ်းပြနိုင်ခြင်းမရှိသည့်အတွက်  မာနေးကို  ပြန်လည်ခေါ်ယူလိုခြင်းဖြစ်သည်။ လီဗာပူးအသင်း တိုက်စစ်ပိုင်းတွင်လည်း ဆာ လက်ချ်အနေဖြင့်  မာနေးရှိစဉ်က  အကောင်းဆုံး တွဲဖက်ကစားနိုင်ခဲ့ကာ    ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ အကောင်းဆုံး တိုက်စစ်အတွဲအဖက်များတွင် ပါဝင်ခဲ့သော်လည်း   ယခုအခါ  ဆာလက်ချ်အနေဖြင့် ဒါဝင်နူနက်စ်၊  ဂက်စ်ပိုတို့နှင့် တွဲဖက်ကစားရာတွင် ခြေစွမ်းပြနိုင်ခြင်းမရှိ ဖြစ်နေသည်။

မာနေးသည်  လီဗာပူးအသင်း၌  ၂၀၁၆ ခုနှစ် မှ ၂၀၂၂ ခုနှစ်အထိ ပြိုင်ပွဲစုံ ၂၆၉ ပွဲ ပါဝင်ကစားခဲ့ရာ  သွင်းဂိုး  ၁၂၀ အထိ သွင်းယူနိုင်ပြီး  ယခု ဘောလုံးရာသီတွင်    ဘိုင်ယန်မြူးနစ် အသင်းနှင့်  ပွဲပေါင်း ၃၀  ကစားခဲ့ရာ ၁၁ ဂိုးသာ သွင်းယူနိုင်ခဲ့ကြောင်း သိရသည်။