အာဆင်နယ်အသင်းက အဓိကဂိုးသမား ရမ်ဒဲလ်ကို မကြာမီ သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန်စီစဉ်

အာဆင်နယ်အသင်းက အဓိကဂိုးသမား ရမ်ဒဲလ်ကို မကြာမီ သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန်စီစဉ်

အာဆင်နယ်အသင်းက အသင်း၌ အကောင်းဆုံးလက်စွမ်းပြလျက်ရှိသည့် အဓိကဂိုးသမား ရမ်ဒဲလ်ကိုမကြာမီ  သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန်  စီစဉ်နေကြောင်း သိရသည်။

ဂိုးသမား   ရမ်ဒဲလ်သည်  ကစားသမားဘဝကို ရှက်ဖီးလ်ယူနိုက်တက်အသင်းနှင့် စတင်ခဲ့ပြီးနောက် အကောင်းဆုံး လက်စွမ်းပြနိုင်ခဲ့သော်လည်း ရှက်ဖီးလ် ယူနိုက်တက်အသင်းအနေဖြင့်  ၂၀၂၁ ခုနှစ်  ပရီးမီးယား လိဂ်ပြိုင်ပွဲမှ    အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲသို့ တန်းဆင်းခဲ့ရပြီးနောက်    အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်သည်။

ရမ်ဒဲလ်သည် အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ ကစားပြီးနောက်   အသင်းနှင့်အတူ အကောင်းဆုံး လက်စွမ်းပြနိုင်ခဲ့ကာ အဓိကဂိုးသမားအဖြစ် ပွဲထွက်ခွင့်ရရှိနေသူဖြစ်သည်။

 မကြာခင် ရမ်ဒဲလ်ကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုမှာပါ။ သူက အသင်းအတွက်  အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်လို့ အသင်းမှာ ဆက်လက်ထိန်းထားဖို့ကြိုးပမ်းသွားမှာပါ။ သူ့အနေနဲ့ အသင်းမှာ ပျော်ရွှင်နေလို့     သက်တမ်းတိုးစာချုပ်ချုပ်ဆိုနိုင်မယ်လို့ မျှော်လင့်ပါတယ်ဟု အာဆင်နယ် အသင်းအားကစားဒါရိုက်တာ အီဒူးကပြောသည်။

အာဆင်နယ်အသင်းသည် ယခုဘောလုံးရာသီတွင် အမှတ်ပေးဇယားထိပ်ဆုံး၌ရပ်တည်နေပြီး  ချန်ပီယံဆုအတွက် မျှော်လင့်ချက်ရှိနေသည်။ အာဆင်နယ်အသင်း၏ အဓိကဂိုးသမား     ရမ်ဒဲလ်အပါအဝင်     တောင်ပံကစားသမားနှစ်ဦးဖြစ်သည့်   ဆာကာနှင့် မာတင်နယ်လီတို့ကိုလည်း ဥရောပထိပ်တန်း အသင်းကြီးများက ခေါ်ယူဖွယ်ရှိနေ၍ အာဆင်နယ်အသင်း က သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရသည်။                   

Ref;B/R Football