မန်ယူအသင်းက မက်တွမ်မီနေးလ်ကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၅၀ ရရှိမှသာ ရောင်းချမည် ဖြစ်ကြောင်း အတည်ပြုကြေညာ

မန်ယူအသင်းက မက်တွမ်မီနေးလ်ကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၅၀ ရရှိမှသာ ရောင်းချမည် ဖြစ်ကြောင်း အတည်ပြုကြေညာ

မန်ယူအသင်းက ကွင်းလယ်ကစားသမား မက်တွမ် မီနေးလ်ကို  ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၅၀ ရရှိမှသာ ရောင်းချမည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။

မက်တွမ်မီနေးလ်သည် မန်ယူအသင်းအကယ်ဒမီ ထွက်ကစားသမားတစ်ဦးဖြစ်ပြီး အစောပိုင်းနှစ်များက မန်ယူအသင်း အဓိကကွင်းလယ်ကစားသမားအဖြစ် ပါဝင်ခွင့်ရရှိခဲ့သော်လည်း  ယခုဘောလုံးရာသီတွင် ကက်စ်မဲရိုးနှင့် အဲရစ်ဆင်တို့နောက်မှသာ လူစားဝင် ကစားသမားအဖြစ် ပါဝင်ခွင့်ရရှိနေသူဖြစ်သည်။

မက်တွမ်မီနေးလ်သည်  မန်ယူအသင်းနှင့်စာချုပ်သက်တမ်း နှစ်နှစ်ကျန်ရှိနေသေးသော်လည်း အသင်းတွင် ပွဲထွက်ခွင့် မရရှိသည့်အတွက် အသင်းပြောင်းရွှေ့လိုနေပြီး   လာမည့်နွေရာသီ ကစားသမားအပြောင်း အရွှေ့ကာလတွင် နယူးကာဆယ်အသင်းက ခေါ်ယူရန်    သတင်းများ ထွက်ပေါ်နေသည့်အတွက်    မန်ယူအသင်းက  ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် သန်း ၅၀ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းကလည်း   လာမည့်နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် အသင်းတိုက်စစ် ပိုင်းအတွက်     အင်အားဖြည့်တင်းလိုသောကြောင့် နည်းပြတန်ဟတ်က အသင်းမှ ကစားသမားတချို့ကို   ရောင်းချရန် ပြင်ဆင်နေပြီး  ရောင်းချမည့် ကစားသမားစာရင်းတွင် မက်တွမ်မီနေးလ်လည်း ပါဝင်နေကြောင်း သိရသည်။

Ref;The Athletic