နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် အမှတ်(၂)တပ်မတော်ဆေးရုံ(ခုတင်-၁၀၀၀)သို့ သွားရောက်၍ ဆေးရုံတက်ရောက်ကုသလျက်ရှိသည့် ဒဏ်ရာရလူနာများအား ကြည့်ရှုအားပေး

နေပြည်တော်၊ ဧပြီ ၁၆

၁၃၈၄ ခု၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအတာသင်္ကြန်ပွဲတော်(သင်္ကြန်အကြတ်နေ့) နံနက်ပိုင်းတွင် လွိုင်ကော်မြို့၊ နောင်ယား(ခ)ရပ်ကွက်ရှိ ကယားပြည်နယ်အစိုးရအဖွဲ့ရုံးဗဟိုမဏ္ဍပ်တွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအတာသင်္ကြန်ပွဲတော်ကျင်းပနေစဉ် KNPP အဖွဲ့၊ လွိုင်ကော် PDF နှင့် Falcon Wings အမည်ခံအကြမ်းဖက်အဖွဲ့များက Drop Bomb ဖြင့် ယုတ်မာရက်စက်စွာပစ်ချတိုက်ခိုက်သဖြင့် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိသူ ဝန်ထမ်းများနှင့် အပြစ်မဲ့ ပြည်သူများအနက် ဒဏ်ရာရရှိသူအချို့ကို လွိုင်ကော်မြို့ပြည်သူ့ဆေးရုံကြီးမှ အမှတ်(၂)တပ်မတော် ဆေးရုံ(ကုတင် ၁၀၀၀)နေပြည်တော်သို့ လွှဲပြောင်းပို့ဆောင်၍  ဆေးကုသမှုခံယူလျက်ရှိပါသည်။

၂၀၂၃ ဧပြီ ၁၆ နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ဦးဆောင်သောအဖွဲ့မှ အမှတ်(၂)တပ်မတော်ဆေးရုံ(ကုတင် ၁၀၀၀)နေပြည်တော်သို့ သွားရောက်၍ ထိခိုက်ဒဏ်ရာရရှိသော ဝန်ထမ်းများအား တစ်ဦးချင်းတွေ့ဆုံ၍ ကြည့်ရှုအားပေး စကားပြောကြားပြီး ထောက်ပံ့ငွေနှင့်အသုံးအဆောင် ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။