အင်းစိန်မြို့နယ်၊ မင်းဓမ္မကုန်းမြေရှိ လောကချမ်းသာ အဘယလာဘမုနိ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား (၂၂)ကြိမ်မြောက် မျက်နှာသစ်တော်ရေ ကပ်လှူပူဇော်ခြင်း မင်္ဂလာပြုလုပ်

အင်းစိန်မြို့နယ်၊ မင်းဓမ္မကုန်းမြေရှိ လောကချမ်းသာ အဘယလာဘမုနိ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား (၂၂)ကြိမ်မြောက် မျက်နှာသစ်တော်ရေ ကပ်လှူပူဇော်ခြင်း မင်္ဂလာပြုလုပ်

နေပြည်တော်၊ ဧပြီ - ၁၇

          ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မင်းဓမ္မကုန်းမြေရှိလောကချမ်းသာ အဘယလာဘမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား (၂၂)ကြိမ်မြောက်မျက်နှာသစ်တော် ရေကပ်လှူပူဇော်ခြင်း မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဗုဒ္ဓ ရုပ်ပွားတော် မြတ်ကြီး၌ ပြုလုပ်ရာ အင်းစိန်မြို့နယ် အောင်ဆန်းတပ်ဦးတောရ ကျောင်းတိုက် ပြည်တွင်းပြည်ပ ကမ္ဘာ့ဗုဒ္ဓသာသနာပြု အောင်ဆန်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တ သဒ္ဓမ္မကိတ္တိသာရ အမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဇော်ဟိန်း၊  ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြ သည်။

          ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ကြွရောက်တော် မူကြသည့် သံဃာတော်များ၊ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဧည့်ပရိတ်သတ်များက ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သဗ္ဗဇေယျအောင်ဂါထာဖြင့် ပူဇော်ကာ မျက်နှာသစ်တော်ရေ ဆက်ကပ်ခြင်း၊ သွားတော်ဒန်ပူတိုက်ခြင်းနှင့် အနေကဇာတင်ခြင်း တို့ကိုဆောင်ရွက်ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

          ထို့နောက် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ၂၄ နာရီ လျှပ်စစ်မီး ရရှိရေးအတွက် လှူဒါန်းခဲ့သော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အား ဂေါပကအဖွဲ့ဝင်များက ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး အင်းစိန်မြို့နယ် အောင်ဆန်းတပ်ဦးတောရ ကျောင်းတိုက် ပြည်တွင်းပြည်ပ ကမ္ဘာ့ဗုဒ္ဓသာသနာပြု အောင်ဆန်း ဆရာတော်ထံမှ ရေစက်ချတရား တော်များနာယူခဲ့ကြကြောင်း သတင်းရရှိသည်။