ကျောင်းသား၊ ကျောင်းသူများ၏ နွေရာသီ ကျောင်းပိတ်ရက်ကာလများကို အကျိုးရှိစွာ အသုံးချနိုင်ရန်အတွက် တိုင်းစစ်ဌာနချုပ် အသီးသီး၌ နွေရာသီ သင်တန်းများဖွင့်လှစ်

ကျောင်းသား၊ ကျောင်းသူများ၏ နွေရာသီ ကျောင်းပိတ်ရက်ကာလများကို အကျိုးရှိစွာ အသုံးချနိုင်ရန်အတွက် တိုင်းစစ်ဌာနချုပ် အသီးသီး၌ နွေရာသီ သင်တန်းများဖွင့်လှစ်

နေပြည်တော်၊ ဧပြီ၁၈

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက် ကာလများတွင် အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရန်၊ ဘာသာ၊ သာသနာကို တန်ဖိုးထား တတ်စေရန်၊ အကျင့်စာရိတ္တ ကောင်းမွန်ပြီး ပညာထူးချွန်သူများ ဖြစ်လာစေရန်၊ လက်တွေ့ အသုံးချဘာသာရပ်များနှင့်အတူ ဗဟုသုတရစေပြီး မြတ်ဗုဒ္ဓ၏ အဆုံးအမ နှင့် ကျင့်စဉ်များကို ပိုမိုနက်ရှိုင်းစွာ နားလည်စေရန်နှင့် အသိပညာ၊ အတတ်ပညာ ဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍  တိုင်းစစ်ဌာနချုပ်များ၊ တပ်နယ်၊ တပ်ရင်း/ တပ်ဖွဲ့များရှိ တပ်မတော်သား မိသားစုဝင်  ကျောင်းသား၊ ကျောင်းသူများအား  ယဉ်ကျေးလိမ္မာသင်တန်း၊ ကွန်ပျူတာ အခြေခံသင်တန်း၊ အခြေခံအင်္ဂလိပ်စာ သင်တန်း နှင့် မြန်မာ့သိုင်း သင်တန်းများကို ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြသည်။

ထိုသို့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ရှိ ဗလမင်းထင်ခန်းမ၌ အင်္ဂလိပ်စာသင်တန်းနှင့် ကွန်ပျူတာသင်တန်း ဖွင့်ပွဲကိုလည်း ကောင်း၊  အနောက်တောင်တိုင်း စစ်ဌာနချုပ်ရှိ ဧရာဝတီခန်းမ၌ အင်္ဂလိပ်စာ သင်တန်း၊ ကွန်ပျူတာသင်တန်းနှင့် မြန်မာ့သိုင်းသင်တန်းများ ဖွင့်ပွဲကိုလည်းကောင်း  အသီးသီး ပြုလုပ်ကြ သည်။

သင်တန်းဖွင့်ပွဲများသို့ တိုင်းစစ်ဌာနချုပ်အလိုက် တိုင်းမှူးများနှင့် တာဝန် ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အသင်းအဖွဲ့များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။ ဖွင့်ပွဲများတွင် တိုင်းမှူးများက  သင်တန်းဖွင့် အမှာစကားများ ပြောကြားကြပြီး သင် တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြသည်။

အလားတူ တိုင်းစစ်ဌာနချုပ် အသီးသီးရှိ ကွပ်ကဲမှုအောက် တပ်နယ်၊ တပ်ရင်း/တပ်ဖွဲ့များ၌လည်း တပ်မတော်သားမိသားစုဝင် ကျောင်းသား၊ ကျောင်းသူ များအား နွေရာသီ သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သတင်း ရရှိသည်။