အမ်းမြို့ရှိ မြို့ဦးဘုန်းတော်ကြီးကျောင်းတိုက် အတွင်း နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းရန် အတွက် အလှူငွေများ ပေးအပ်လှူဒါန်း

အမ်းမြို့ရှိ မြို့ဦးဘုန်းတော်ကြီးကျောင်းတိုက် အတွင်း နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းရန် အတွက် အလှူငွေများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ ဧပြီ - ၁၈

       ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ မြို့ဦးဘုန်းတော်ကြီး ကျောင်းတိုက်အတွင်း နှစ်ထပ် ကျောင်းဆောင်သစ် ဆောက်လုပ် လှူဒါန်းရန်အတွက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နှင့် တပ်ရင်း/ တပ်ဖွဲ့များမှ စုပေါင်းလှူဒါန်းသည့် အလှူငွေများ ပေးအပ်လှူဒါန်းခြင်း ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ကျောင်းတိုက်၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

      ဦးစွာ တိုင်းမှူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက အဆိုပါကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် တိုင်းမှူးနှင့်  အရာရှိ၊ စစ်သည်၊ မိသားစုများက တိုင်းစစ်ဌာနချုပ်နှင့် တပ်ရင်း/ တပ်ဖွဲ့များမှ စုပေါင်းလှူဒါန်းသည့် အလှူငွေ ကျပ်သိန်း ၃၀ နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သတင်းရရှိသည်။