ချမ်းမြသာစည်မြို့နယ်၊ ဇီဝိတဒါနသံဃာ့ဆေးရုံကြီး (ကန်တော်ကြီး-မန္တလေး)၌ ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိသော သံဃာတော်များအား ဆွမ်း၊ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်း၊ ဇီဝိတဒါနသံဃာ့ဆေးရုံကြီးအား ငွေပဒေသာပင် စိုက်ထူလှူဒါန်း

ချမ်းမြသာစည်မြို့နယ်၊ ဇီဝိတဒါနသံဃာ့ဆေးရုံကြီး (ကန်တော်ကြီး-မန္တလေး) ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိသော သံဃာတော်များအား ဆွမ်း၊ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်း၊ ဇီဝိတဒါနသံဃာ့ဆေးရုံကြီးအား ငွေပဒေသာပင် စိုက်ထူလှူဒါန်း

နေပြည်တော်၊ ဧပြီ - ၁၈

    မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ဇီဝိတဒါနသံဃာ့ဆေးရုံကြီး (ကန်တော်ကြီး-မန္တလေး)၌ ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိသော သံဃာတော် များအား ဆွမ်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ဇီဝိတဒါန သံဃာ့ဆေးရုံကြီးအား ငွေပဒေသာပင် စိုက်ထူလှူဒါန်းခြင်း အလှူတော်မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဆေးရုံကြီး၌ပြုလုပ်ရာ ချမ်းအေးသာစံမြို့နယ်၊ မိုးကောင်း ကျောင်းတိုက်၊ ရတနာသင်္ဂီဒိုက်ဦးကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဇောတိကာဘိဝံသ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကို၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

   ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကို၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာသူများက ရတနာသင်္ဂီဒိုက်ဦးကျောင်း ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များ နာယူ ကြည်ညိုကြသည်။ ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကို က သာသနာရေးဆိုင်ရာများ လျောက်ထားပြီး ဆရာတော်ကြီးများ၏ ဩဝါဒကိုခံယူ သည်။ ၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးမောင်ကို၊ တိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က  ဆရာတော်၊ သံဃာတော် များအား လှူဖွယ် ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြပြီး ဇီဝိတဒါနသံဃာ့ ဆေးရုံကြီး (ကန်တော်ကြီး-မန္တလေး)အတွက် ငွေပဒေသာပင် အလှူငွေကျပ်သိန်း (၅၀) ကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူ သည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးမောင်ကို၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာသူများက ရတနာသင်္ဂီ ဒိုက်ဦးကျောင်းဆရာတော်ထံမှ အနုမောဒနာတရား နာယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေ ကြပြီး ဆရာတော်ကြီးများနှင့် ဆေးရုံတက်ရောက် ကုသလျက်ရှိသော ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြ သည်။

       ဆက်လက်၍ တိုင်းမှူးနှင့်တာဝန်ရှိသူများက မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး မန်းတောင်ရိပ် အထွေထွေရောဂါကုသဆောင်၌ ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျက်ရှိသော နိုင်ငံတော် သံဃာမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မန္တလေးမြို့ ဗန်းမော် ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ ထံသို့သွားရောက် ဖူးမြော်ကြည်ညိုပြီး ကျန်းမာရေး တိုးတက်ကောင်းမွန်မှု အခြေအနေများအား မေးမြန်းလျှောက်ထားကာ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ဆရာတော်ကြီးအား လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုများကို အထူးကုဆရာဝန်ကြီးများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေး လျက်ရှိရာ ဆရာတော်ကြီး၏ ကျန်းမာရေး အခြေအနေမှာ တိုးတက်ကောင်းမွန်လျက် ရှိကြောင်း သတင်းရရှိသည်။