ဒေသတွင်းစိုက်ပျိုး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်

ဒေသတွင်းစိုက်ပျိုး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်

နေပြည်တော်၊ ဧပြီ - ၁၈

       ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်း စားရေရိက္ခာဖူလုံရေးနှင့် ပြည်သူများ ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန် အတွက် တိုင်းစစ်ဌာနချုပ်များ၊ တပ်ရင်း၊ တပ်ဖွဲ့များ၌ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

   ထို့သို့ ဆောင်ရွက်လျက်ရှိရာ ယနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိသူများသည် မှော်ဘီမြို့နယ်ရှိ ဘက်စုံ စိုက်ပျိုးမွေးမြူရေးစခန်း (ဝါးနက်ချောင်း)၊ အမှတ်(၂)စိုက်ပျိုး/မွေးမြူရေး စခန်း(မှော်ဘီ) နှင့် မင်္ဂလာဒုံမြို့နယ်ရှိ အမှတ်(၄)စိုက်ပျိုးမွေးမြူရေး (စခန်း)တို့၌ ဆိတ်၊ အသားတိုးကြက်၊ ဥစားကြက်၊ အသားတိုးနွားနှင့် နို့စားနွား မွေးမြူထားရှိမှု၊ သီးပင်စားပင်များနှင့် ဟင်းသီး ဟင်းရွက်များ စိုက်ပျိုးထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် တွေ့ ဆုံကာ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက် နိုင်ရေးနှင့် လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။