ချယ်လ်ဆီးအသင်းက ဘရိုက်တန်အသင်းအား ရှုံးနိမ့်သည့်ပွဲစဉ်တွင် အသင်းသမိုင်းတစ်လျှောက် တန်ဖိုးအကြီးမားဆုံး ကစားသမား စာရင်းအသုံးပြုခဲ့

ချယ်လ်ဆီးအသင်းက ဘရိုက်တန်အသင်းအား ရှုံးနိမ့်သည့်ပွဲစဉ်တွင် အသင်းသမိုင်းတစ်လျှောက် တန်ဖိုးအကြီးမားဆုံး ကစားသမား စာရင်းအသုံးပြုခဲ့

လန်ဒန်၊ ဘောလုံး

ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ် (၃၀)အဖြစ် ကစားသည့် ဘရိုက်တန်အသင်းအား ရှုံးနိမ့်သည့်ပွဲစဉ်တွင် အသင်း သမိုင်းတစ်လျှောက် တန်ဖိုးအကြီးမားဆုံး ကစားသမားစာရင်းကို အသုံးပြုခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် ချယ်လ်ဆီးအသင်း ယာယီနည်းပြလမ်းပတ်က ဖာနန်ဒက်စ်၊ မူဒရစ်၊ စတာလင်း စသည့်ထိပ်တန်း ကစားသမား များကို အသုံးပြုခဲ့သကဲ့သို့ လူစားလဲ အသုံးပြုမှုအဖြစ် ဂျာအိုဖီးလစ်၊ ဟာကန်ဇီယက်၊ ရီစီဂျိမ်းစ် စသည့်ကစားသမားများကို အသုံးပြုခဲ့သည်။

ယင်းပွဲစဉ်တွင် ပါဝင်ကစားခဲ့သည့် ဖာနန်ဒက်စ်က စတာလင်ပေါင် ၁၀၇ သန်း၊ ဖိုဖာနာက စတာလင် ပေါင် သန်း ၇၀၊ ပူလီဆစ်က စတာလင်ပေါင် ၅၇ သန်း၊ စတာလင်းက စတာလင်ပေါင် ၄၇ ဒသမ ၅ သန်းရှိနေပြီး အဆိုပါကစားသမားများ၏ စုစုပေါင်း တန်ကြေးမှာ စတာလင်ပေါင် ၂၈၁ ဒသမ ၅ သန်းဖြစ်သည့်အတွက် အသင်းသမိုင်းတစ်လျှောက် ဈေးကွက် တန်ကြေး အများဆုံး အဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်းအနေဖြင့် ဘရိုက်တန်အသင်းအား ရှုံးနိမ့်ကာ ယာယီနည်းပြလမ်းပတ် တာဝန်ယူကိုင်တွယ်သည့် ပွဲစဉ်သုံးပွဲစလုံး ရှုံးနိမ့်ပြီးနောက် ရမှတ် ၃၉ မှတ်ဖြင့် အမှတ်ပေးဇယားအဆင့်(၁၁) နေရာ၌ ရပ်တည်နေကြောင်း သိရသည်။

Ref;Football London