၂၀၂၃ ဖီဖာယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် အင်ဒိုနီးရှားနိုင်ငံအစား အာဂျင်တီးနားနိုင်ငံ၌ ကျင်းပမည်ဖြစ်ကြောင်း အတည်ပြုကြေညာ

၂၀၂၃ ဖီဖာယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် အင်ဒိုနီးရှားနိုင်ငံအစား အာဂျင်တီးနားနိုင်ငံ၌ ကျင်းပမည်ဖြစ်ကြောင်း အတည်ပြုကြေညာ

ဂျီနီဗာ၊ ဘောလုံး

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ၂၀၂၃  ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို  အိမ်ရှင်အဖြစ်  အင်ဒို နီးရှားနိုင်ငံအစား အာဂျင်တီးနား နိုင်ငံ၌   ပြောင်းလဲ ကျင်းပမည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။

၂၀၂၃ ဖီဖာယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို  အစော ပိုင်းက အင်ဒိုနီးရှားနိုင်ငံက  အိမ်ရှင်အဖြစ်  လက်ခံ ကျင်းပခွင့်ရရှိထားသော်လည်း အင်ဒိုနီးရှားနိုင်ငံက ၂၀၂၃  ဖီဖာယူ-၂၀  ကမ္ဘာ့ဖလားပြိုင်ပွဲ  ခြေစစ်ပွဲ အောင်မြင်ထားသည့်  အစ္စရေး ယူ-၂၀  အသင်းကို  နိုင်ငံအတွင်း သို့လာရောက်ခွင့်မပြုရန်  ဆန့်ကျင်မှု ပြုလုပ်ခဲ့သည့်အတွက် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိထားမှုကို ဖျက်သိမ်း ခဲ့ရခြင်းဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံမှ ပြည်သူများနှင့် အာဏာပိုင်များက ပါလက်စတိုင်း-အစ္စရေးအရေးနှင့် ပတ်သက်ပြီး ပါလက်စတိုင်းဘက်မှ အပြည့်အဝ ထောက်ခံအားပေး သည့်အတွက် အစ္စရေးယူ-၂၀ အသင်းကို နိုင်ငံအတွင်း ဝင်ရောက်ခွင့်တားမြစ်ခဲ့ခြင်းဖြစ်သည်။

၂၀၂၃ ဖီဖာယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင် အဖြစ်  အင်ဒိုနီးရှားနိုင်ငံ၌  ကျင်းပရန်ပျက်ပြယ်ခဲ့ရ ပြီးနောက် အာဂျင်တီးနားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းပရန် လျှောက်ထားခဲ့ပြီး ဖီဖာနှင့်အာဂျင်တီးနား နိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ် ပြီးနောက်  အိမ်ရှင်အဖြစ် ကျင်းပခွင့်ရရှိခဲ့ပြီး မေ၂၀ ရက်မှ ဇွန် ၁၁ ရက်အထိ ပြိုင်ပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Ref;The Sun